ကျွန်မရဲ့ တနင်္ဂနွေအလည်ခရီးလေးပါ။ မိုးတွေရွာနေတဲ့ မေ ၃၁ မှာ နေပြည်တော်ရဲ့ စိမ်းလန်းတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မခံစားပျော်ပိုက်ခဲ့တယ်။ အဲဒီ မေ ၃၁ မနက်ခင်းကတော့ မိုးသည်းသည်းလည်းရွာတယ်။ မိုးဖွဲဖွဲလည်းကျတယ်။ အုံ့မှိုင်းနေတဲ့အခါလည်းရှိတယ်။ အဲလိုမနက်မှာ နေပြည်တော်ရဲ့ရွှေတိဂုံဖြစ်တဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကိုဖူးမျှော်ဖို့ရောက်သွားတယ်။

DSC00641

DSC00640

လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းကျယ်ပြန့်တဲ့ရင်ပြင်တော်ပေါ်ကနေ ရွှေရောင်ဝင်းတဲ့စေတီတော်ကို ဖူးတွေ့ရတာအတော်ကြည်နူးဖို့ကောင်းပါတယ်။ စေတီတော်က အတွင်းကိုပါဝင်ဖူးလို့ရတဲ့ဂူဘုရားပုံစံမို့ အထဲဝင်ပြီး ဗုဒ္ဓမြတ်စွာရဲ့ရုပ်ပွားတော် ၄ဆူကိုလက်ယာရစ်ကြည်ညိုဖူးမျှော်နိုင်ပါသေးတယ်။

DSC00645

DSC00652

မျက်နှာကြက်အမိုးပေါ်က သစ္စာလေးပါးတရားတော်တွေကို ဖတ်ဖို့ကတော့ခဏရပ်ပြီးမော့ကြည့်လိုက်ဦးပေါ့။

DSC00662

ရင်ပြင်တော်နှင့်ကောင်းကင် မိုးတွေရွာနေပေမဲ့ စေတီတော်ရဲ့အတွင်းဘက်မှာရော၊ အပြင်ဘက်ရင်ပြင်တော်ပေါ်မှာပါ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေတယ်။ ဘုရားဖူးရင်းကျောက်ပြားအပြည့်ခင်းထားတဲ့ စေတီတော်ရင်ပြင်ကျယ်ကျယ်နဲ့ မိုးတိတ်သွားလို့အပြာရောင်တောက်လာတဲ့ကောင်းကင်ကိုတွေ့ရတာ ကျွန်မစိတ်ထဲ ငြိမ်းချမ်းလွတ်လပ်လာတယ်။

DSC00681

DSC00685

DSC00693

စေတီရင်ပြင်ပေါ်ကနေ နေပြည်တော်ဝန်းကျင်ကို စိမ်းစိမ်းစိုစိုမြင်နိုင်သေးတယ်။ ရှုခင်းလှလှတွေမြင်ရင် ဓာတ်ပုံမရိုက်ရမနေနိုင်တဲ့ကျွန်မတို့လို Photo crazy တွေအတွက် ကုသိုလ်လည်းရ၊ ဓာတ်ပုံလှလှတွေလည်းရခဲ့တဲ့ ဘုရားဖူးအလည်ခရီးပေါ့။

DSC00687

DSC00692

ဘုရားကအပြန်မှာ ပေါင်းလောင်းဆည်အနီးက လှေခွင်းတောင်ဆီသွားတယ်။ စိမ်းလန်းတဲ့ နွေအကုန်မိုးအကူး ပတ်ဝန်းကျင်ရှုခင်းတွေကိုခံစားရင်း အရိပ်တွေဝေဆာနေတဲ့ လှေခွင်းတောင်အသွားလမ်းတလျှောက် သွားနေချိန်မှာ မိုးကတိတ်သွားပြီ။ လှေခွင်းတောင်ပေါ်ကို တောလမ်းခရီးက တက်သွားလိုက်တာတောတောင်ရဲ့ ပတ်ဝန်းကျင်ကြောင့် သဘာဝဆန်ဆန်ကြည်နူးဖို့ကောင်းတယ်။

DSC00706

DSC00742

အတက်ခရီးက ၄၅ မိနစ်လောက်တော့ကြာတယ်။ ဘေးဘီကတွေ့နေရတဲ့ မှုန်ပျပျတောင်တန်းမြင်ကွင်းတွေကြောင့်ရော၊ တစ်ခါတစ်ခါရွာချတတ်တဲ့မိုးဖွဲဖွဲကြောင့်ရော တောင်တက်ရင်း “ မောတော့မောတာပေါ့ ဒါပေမဲ့မမောဘူး” ဖြစ်ခဲ့ရတယ်။

DSC00725

တောင်ပေါ်ရောက်တော့ တောင်ပေါ်လှေခွင်းတောင်ဘုရားမှာ အမောဖြေရင်း အဝေးက ပေါင်းလောင်းဆည်ကြီးကို ခပ်ပျပျတွေ့ရတယ်။ တောင်တစ်ဖက်တစ်ချက်က နေပြည်တော်မြင်ကွင်းတွေကိုလည်း အဝေးကစီးမြင်နိုင်သေးတယ်။

DSC00732

DSC00757

အဆင်းကိုတော့ နောက်တစ်ဖက်က စောင်းတန်းလှေကားထစ်တွေကနေ ဆင်းခဲ့တယ်။ အုတ်သားနီနီလှေကားထစ်တွေနဲ့ အဆင်းလမ်းက အတက်လောက် မပင်ပန်းတော့တာတော့ အမှန်ပဲ။

တစ်ခါတလေထိုင်နားရင်း တောင်ပေါ်က တွေ့နေရတဲ့ရှုခင်းတွေကို ကြည့်ရတာအေးချမ်းလာတယ်။

DSC00769

DSC00781

တောင်အောက်ရောက်တော့ အနီးနား သိပ်မဝေးတဲ့လှေဆိပ်ကိုသွားသေးတယ်။ လှေဆိပ်လို့ပဲရိုးရိုးလေးခေါ်ကြတဲ့ အဲဒီလှေဆိပ်လေးရှိတဲ့ ချောင်းရဲ့ရေစပ်တစ်လျှောက်ရေကစားနေတဲ့သူတွေကို တပျော်တပါးတွေ့ရတယ်။

DSC00794

DSC00796

ငါးမျှားနေတဲ့ ကလေးတွေ၊ ရေဆင်းစိမ်နေတဲ့လူကြီးတွေနဲ့ လှေဆိပ်လေးက တစည်တကားပါ။ တစ်ချက်တစ်ချက်ဆိုက်လာတဲ့ စက်တပ်လှေ ခပ်ရှည်ရှည်တွေကိုလည်း တွေ့ရတယ်။ အဲဒီလှေဆိပ်မှာ လေညင်းခံပြီးအပြန် ပျဉ်းမနားမြို့ထဲရောက်တော့ နေစောင်းနေပြီ။ အဲဒီလိုနဲ့ ၂ဝဝ၉ မေ ၃၁ ဟာ ပျော်စရာခရီးလေးနဲ့ အေးအေးမြမြပြီးဆုံးခဲ့ပါတယ်။

Advertisements

ဟိုတယ်/ခရီး ဝန်ကြီးဌာနရုံး (ရုံးအမှတ် ၃၃) မှာပြုလုပ်စရာ ရှိနေတဲ့ ရုံးကိစ္စတစ်ခုနဲ့ ကျွန်မ နေပြည်တော်ကို နေ့ချင်းပြန်ခရီးတစ်ခု သွားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက် အောင်မင်္ဂလာ ကားဝင်းကနေ ကားက ညနေ ၆ နာရီမခွဲခင် ထွက်တယ်။ ထုံးစံအတိုင်း ဗိုက်အပြည့်ဖြည့်ပြီး ကားပေါ်မှာ အိပ်လိုက် ထကြည့်လိုက်နဲ့ လိုက်သွားတယ်။ လင်းလက်တဲ့ မာကျူရီမီးရောင်တွေနဲ့ နေပြည်တော် အဝန်းအဝိုင်းကို ရောက်တော့ မနက် ၃ နာရီခွဲကျော်လောက်ပြီ။

ကျွန်မက ရင်တွေခုန်နေတယ်။ နေပြည်တော်ကို ပထမဆုံးအကြိမ် တစ်ယောက်တည်းလာခဲ့တဲ့ ခရီးဖြစ်နေလို့ပါ။ မြန်မာနိုင်ငံမှာ ခရီးသွားရတာ စိတ်ထဲ အရမ်းကို လုံခြုံတယ်။ ကိုယ့်ကိုကိုယ်လည်း စိတ်ချလက်ချ ဖြစ်နေတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မစိတ်ထဲ အဲလောက်မနွေးထွေးဖြစ်လောက်ဘူး။ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က ချင်းမိုင်-ဘန်ကောက် အဝေးပြေးလမ်းပေါ်က အထီးကျန်မှုတစ်ခုနဲ့ မြန်မာစကားမပြောတဲ့ သူစိမ်းတွေနဲ့အတူ ခရီးသွားခဲ့ရတဲ့ ခံစားချက် တွန်းအားတွေက သွေးပူနေတုန်းမို့ ကိုယ့်အမိမြေမှာ အမျိုးသမီးတစ်ယောက်တည်း ခရီးသွားရခြင်းရဲ့ လုံခြုံနွေးထွေးမှုဆိုတာကို ပိုတန်ဖိုးထားမိတာ ဖြစ်မယ်။

ကျွန်မစီးလာတဲ့ ကားက နေပြည်တော်မြို့မဈေးမှာ ဂိတ်ဆုံးတာမဟုတ်ဘဲ ဘောဂသီရိမှာ ဂိတ်ဆုံးမယ့်ကား။ ကျွန်မကို လာကြိုပေးမယ့် မိတ်ဆွေကလည်း သူနဲ့ပိုနီးတဲ့ ဘောဂသီရိမှာပဲ ဆင်းဖို့ ပြောထားတော့ ကျွန်မက မြို့မဈေးကနေ ဘောဂသီရိထိ အိပ်လိုက်သွားတယ်။ ရောက်တာတောင် မသိလိုက်ဘူး။ မနက် ၄ နာရီကျော်ကျော်ပဲ ရှိသေးတယ်။ ဆိုင်ကယ် ကယ်ရီတွေကလည်း ဝီရိယကောင်းကောင်း ကြိုးစားကြတယ်။ ကားတစ်စီးဆိုက်လာတာနဲ့ ဆင်းမရလောက်အောင် အုံခဲပြီးမေးကြတာပဲ။ ကျွန်မကတော့ လာကြိုမယ့် မိတ်ဆွေက ၅ နာရီကျော်မှ ရောက်မယ်လို့ ပြောထားတော့ စီးလာတဲ့ ကားရဲ့ရုံးခန်းထဲမှာပဲ စောင့်တာပေါ့။ စိတ်ထဲမှာလည်း တစ်ယောက်တည်း စောင့်နေရပေမဲ့ အေးအေးချမ်းချမ်းပဲ။ အမိမြန်မာပြည်ရဲ့ရင်ငွေ့ကလည်း နွေးထွေးနေတယ်။ မိတ်ဆွေကိုလည်း ယုံကြည်တာပါတယ်။

၅ နာရီ ၂၀ မှာ မိတ်ဆွေရောက်လာတယ်။ အရမ်းကို စောနေသေးတာမို့ ပျဉ်းမနားမြို့ထဲမှာ အချိန်လျှောက်ဖြုန်းရင်း မနက်အရုဏ်ကို လမ်းပေါ်မှာ ကြိုဆိုခဲ့တယ်။ ကွန်ကရစ်လမ်းမကျယ်တွေရယ်။ နီယွန်မီးဖြာဖြာတွေရယ်နဲ့ နေပြည်တော်မနက်ခင်းက လှတယ်။ ဆိုင်ကယ်စီးရင်း တိုးဝင်လာတဲ့ လေထုကတော့ အေးစိမ့်စိမ့်နဲ့ လက်ဖဝါးတွေတောင် ထုံကျင်လာတဲ့ထိ..။

ကျွန်မတို့ သွားရမယ့် ရုံးဖွင့်ချိန်ကို စောင့်ရင်း ပျဉ်းမနားမြို့ထဲက စံတော်မီကဖေးဆိုင်ရယ်၊ နေပြည်တော် ရုံးတွေနားက ဝင်းသူဇာစားသောက်ဆိုင်ရယ်နဲ့ တော်တော် ရင်းနှီးသွားရတယ်။ ရုံးမှာ လုပ်ရတဲ့ ကိစ္စကလည်း မကြာလှဆိုတော့…နေရောင်အောက်က အဝေးပြေးလမ်းမကျယ်တွေပေါ်ပဲ ပြန်ရောက်လို့ ရာဇဌာနီလမ်းပေါ် ဘယ်နှစ်ခေါက်မှန်းမသိ ဖြတ်ကြ၊ ရာဇသင်္ဂဟအဝိုင်းကို ဘယ်နှစ်ခေါက်မှန်းမသိ ပတ်ကြနဲ့…. နောက်ဆုံး ရန်ကုန်- မန္တလေးလမ်းပေါ် ရောက်သွားရင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ထဲ ခဏဝင်ကြတယ်။

zoological garden မုခ်ဦး

နေပြည်တော် zoological garden အ၀င်မုခ်ဦးဖြစ်ပါတယ်

 

npt zoological garden zoological garden အ၀င်ဝက အ၀ိုင်း

entrance၀င်ကြေးပေးရတဲ့နေရာများ

အဝင်မုခ်ဦးမှာရော..အတွင်းလမ်းက အဝိုင်းမှာပါ ကျောက်ဆစ်ဖြူဖြူဆင်ရုပ်တွေနဲ့ လှလှပပဆင်ယင်ထားတဲ့ တိရစ္ဆာန်ဥယျာဉ်ကြီးက တခမ်းတနားပါပဲ။ ကြိုက်မိတာက နေပြည်တော်တိရစ္ဆာန်ဥယျာဉ်လို့ ရေးထားတဲ့ မုခ်ဦးရဲ့ ဗိသုကာပါ။

ဝင်ကြေးက လူကြီး ၁ဝဝဝ ကျပ် ကလေး ၅ဝဝ ကျပ်ပါ။ အထဲမှာ ဝင်သွားရင် အမှတ်တရပစ္စည်းအရောင်းဆိုင်တန်းလေး ရှိပါတယ်။ အဲဒီမှာ နေပြည်တော်ထွက် အမှတ်တရပစ္စည်းတွေနဲ့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ် အမှတ်တရပစ္စည်း၊ အင်္ကျီတွေ ရနိုင်ပါတယ်။ အဲဒီဆိုင်တန်းအနီးမှာတော့ ဥယျာဉ်တစ်ခုလုံးရဲ့ လမ်းညွှန်မြေပုံကြီးနားမှာ ဥယျာဉ်တစ်ခုလုံးကို အနှံ့လိုက်ပို့တဲ့ အပျော်စီးကားရောင်စုံလေးတွေ ရှိတယ်။ အနီ၊ အပြာ၊ အဝါ၊ အစိမ်း စုံလို့ပါပဲ။ ကားက နှစ်မျိုး ရှိတယ်။ မိနစ် ၅၀ ကို ၅ဝဝဝ ကျပ်ပေးရတဲ့ အမျိုးနဲ့ ၂၅ဝဝ ကျပ်ပေးရတဲ့မျိုး။ လာကြတဲ့မိသားစုတွေ သူငယ်ချင်းအုပ်စုတွေကတော့ ပထမအမျိုးစားကို စီးကြတာများတယ်။ အဲဒါက လမ်းဘေး ဝဲယာရှုခင်းတွေကိုလည်း သေချာခံစားနိုင်မယ့်အပြင် လှလည်းပိုလှတယ်လေ။

zoological gardenအတွင်းပိုင်းတနေရာက စာတန်း

သမင်သမင်တွေနေရာ….

zebrasမြင်းကျားတွေ ကျက်စားနေတဲ့ကွင်း

ကျားဖြူခပ်တည်တည်နဲ့ကျားဖြူကြီး

 

ကျွန်မတို့ အဲဒီကားလေးငှားပြီး လျှောက်ကြည့်လိုက်တာ မိနစ် ၅ဝ တောင် မပြည့်သေးဘူး။ ကားဆရာကြီးက ပြန်လှည့်ချင်နေလို့ ပြန်ခိုင်းလိုက်ပြီး ကိုးခြောက်ကိုးသုံးနဲ့ ဆက်ကြည့်ကြတယ်။ နေပူပူအောက်မှာ ဥယျာဉ်ကြီးကတော့ တစ်ခါတလေ အေးချမ်းနေသလို တစ်ခါတစ်ခါလည်း ချွေးဒီးဒီးကျ..။

ဆင်တွေနေတဲ့ကွင်း မျောက်ရုံ စတဲ့တွေ့နေကျ တိရစ္ဆာန်လေးတွေအပြင် ကျားဖြူကြီးကိုလည်း တွေ့ခဲ့ရလို့ သဘောကျစွာ မှတ်တမ်းတင်လိုက်သေးတယ်။ ငှက်ရုံတွေထဲဝင်တော့ အဝင်အပေါက်တွေမှာ သံကွင်းဆက်ကြိုးအလေးကြီးတွေနဲ့ လိုက်ကာလို ချထားတဲ့ပုံစံက ငှက်တွေ ထွက်မပြေးနိုင်အောင်ဆိုတာ မိတ်ဆွေ ပြောပြမှသိတယ်။ တုံးချက်ကတော့….။

ငှက်တွေကလည်း ရောင်စုံ…။ အမျိုးလည်းစုံတယ်။ ငှက်တွေကြားက တံတားလေးအောက်မှာ ဒေါင်းတွေကလည်း အတောင်အမွေးတလူလူနဲ့။ သမင်တွေကိုကျ သဘာဝဆန်ဆန် အပြင်မှာ လွှတ်ထားတယ်။ သမင်လေးတွေကလည်း အတော်ယဉ်တယ်။ လူလာတာတောင် မပြေးဘူး။ ပင်လယ်ရေသတ္တဝါတွေကိုတော့ ပြတိုက်တစ်ခု သပ်သပ်ထားပြီးဝင်ကြေး ၂ဝဝ ကျပ် ထပ်ပေးရတယ်။ အထဲမှာတော့ ကျောက်ဂူဆန်ဆန်တည်ဆောက်ထားပြီး အေးမြနေတယ်။ မြွေမျိုးစုံ၊ ငါးမျိုးစုံနဲ့ ဇီဝမျိုးကွဲ တော်တော်စုံစုံတွေ့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ပါ။ နောက်ပိုင်း အရိပ်တွေပိုပြီး ဝေဆာလာမယ် ဆိုရင်တော့ ပိုပြီးစည်ကားအေးချမ်းလာမယ့် အပန်းဖြေဥယျာဉ်စခန်းလေးပေါ့။

ငါးငါးတွေရော…

ကြက်တူရွေး ပြာရောင်တောက်လို့ လှလှပပနဲ့ ငှက်ကလေး

ငှက်မောင်နှံRomantic birds…. 😀

အပျော်စီးကားငယ်တရိစ္ဆာန်ဥယျာဉ်ထဲမှာ လျှောက်သွားပေးနေတဲ့ အပျော်စီးကား…။

အဲဒီက အပြန်မှာ ရေဆင်းတက္ကသိုလ်နားကဖြတ်ပြီး ကျောင်းဆောင်တွေ၊ စိုက်ခင်းတွေကို လိုက်ကြည့်တယ်။ အဲဒီပတ်ဝန်းကျင်က ကျွန်မအတွက် အထူးအဆန်းတွေလို ဖြစ်နေတယ်။ မနက် ရုံးအတက် ပို့တဲ့ ဖယ်ရီတွေ၊ Blue Collar  အလုပ်သမားတွေ တင်လာတဲ့ ကားကြီးတွေ၊ လိုင်းကားတွေ၊ ဆိုင်ကယ်နောက်တွဲယာဉ်တွေနဲ့ နေပြည်တော်က မနက်ကနေ အခုလို နေ့လယ်ထိအောင် စည်တော့ စည်နေတာပါပဲ။ ညနေစောင်းတော့ အာဟာရသုခဈေးထဲ ဝင်ကြည့်ကြတယ်။ ကုန်စိမ်းသည်တွေ အများဆုံးဈေးကွက်ဖွင့်ထားတဲ့ ဈေးချိုတဲ့ ဈေးပေါ့။ ဆိုင်ခန်းတွေနဲ့အပြင်ကို အပြင်လေဟာပြင်မှာပါ မျက်စိတဆုံးမြင်နေရတဲ့ ဈေးတန်းကြီးထဲ လျှောက်ရင်း အလိုလိုပျော်လာမိတယ်။ အဲဒီဈေးက ဘောဂသီရိကားဝင်းနဲ့လည်း မဝေးဘူး။ ဈေးရဲ့ အရှေ့ဘက် လမ်းဘေးမှာလည်း မျက်စိတဆုံးမြင်နေရတဲ့ စိမ်းလန်းတဲ့ စပါးခင်းတွေ၊ တောင်တန်းတွေနဲ့၊ ဆိုတော့ စိတ်အပန်းလည်း ပြေတယ်။

အဲဒီတော့ ရန်ကုန်ပြန်ကာနီး အချိန်ပိုနေသေးတဲ့ ကျွန်မက ဈေးထဲမှာ ဝင်ပတ်ပြီး သဘာဝအလှတွေနဲ့ နေပြည်တော်ကို နှုတ်ဆက်…။ ဘောဂသီရိကားဝင်းထဲ ပြန်လာ၊ ကိုယ်စီးမယ့်ကားရုံးခန်းထဲမှာ ထိုင်စောင့်ပြီး မိတ်ဆွေကို နှုတ်ဆက် ကျေးဇူးတင်စကားပြောတယ်။ အချိန်ကတော့ ညနေမှောင်စပေါ့။ နီယွန်မီးတွေ ပြန်ထွန်းကာစ ကာလမှာ ကျွန်မနေပြည်တော်က ပြန်လာခဲ့တယ်။ ဘောဂသီရိက ကားထွက်ပြီး မြို့မဈေးမှာ ခရီးသည်တွေ အများကြီး ထပ်တက်တယ်။ အတော်များများက ဝန်ထမ်းတွေ ဖြစ်ပုံရတယ်။ ကျွန်မဘေးမှာ ထိုင်တဲ့ အစ်မက အေးအေးချမ်းချမ်းပုံလေးပါ။ ကျွန်မကလည်း တစ်နေကုန် ပင်ပန်းထားတာမို့ ကားပေါ်မှာ အိပ်လိုက်တာ ညလယ်စာ ဘာညာအတွက် ကားရပ်ပေးရင်တောင် အဲဒီအစ်မ နှိုးပေးမှ နိုးတဲ့အဖြစ်..။ လမ်းဘေးက ရှုခင်းတွေကိုလည်း ကြည့်ဖို့ စိတ်မပါတော့ဘူး။ အိပ်ပြီးရင်း အိပ်ရင်းကို ဖြစ်လို့။

ရန်ကုန်ရောက်တော့ မနက် ၄ နာရီခွဲ ၅ နာရီလောက် ရှိပြီ။ ဘေးကအစ်မကို သူ့အမျိုးသား လာကြိုသွားတယ်။ ကျွန်မကတော့ ၄၃ ဘတ်စ်ကား တက်စီးပြီး အိမ်ပြန်လာလိုက်တယ်…။

ညနေတစ်ခင်း

ညနေခင်းတစ်ခုပါ။

တစ်စုံတစ်ရာပါဝင်ကောင်းပါဝင်နေပါလိမ့်မယ်။

ကျွန်မအတွက်တော့ လှပနေပါတယ်။

လွမ်းစရာလည်း အထိုက်အလျှောက်ကောင်းနေတယ်။

အဲဒီညနေထဲမှာ

အဝေးက အသံတစ်ခုကိုရှာဖွေကြည့်ရအောင်။