လွန်ခဲ့သော နှစ်လခန့်က ရေးထားသော စာတစ်ပုဒ်ဖြစ်ပါသည်။ နွေရာသီအငွေ့အသက်မရှိတော့သော ယခုလို မိုးကာလတွင် တင်ဖြစ်သွားပါသည်။ အေးချမ်းပါစေပေါ့…။

တစ်နေ့လယ်ခင်းတွင် ကျွန်မ၏ဆရာလည်းဖြစ်၊ ဘော်ဒါလိုလည်းခင်ရသောသူက ဇွတ်အတင်းခေါ်၍ ကိုလေပေါရှိရာ လက်ဖက်ရည်ဆိုင်သို့ ကျွန်မ မရောက်ချင်ရောက်ချင် ရောက်ခဲ့သည်။ ကျွန်မတို့ထက် အရင် ကြိုရောက်နေသောကိုလေပေါက ပေါ့ပေါ့ပါးပါးနွေရာသီဝတ်စုံဖြင့် အေးအေးလူလူစာထိုင်ဖတ်ကာ လေပေါဖို့အတွက် အားမွေးနေပုံရသည်။

ကျွန်မတို့ ရောက်သည်နှင့် သူ၏ လေသေနတ်ကို ကျည်ဖြည့်သည့် အနေနှင့် ကိုလေပေါက လက်ဖက်ရည်တစ်ငုံသောက်ရင်း ကျွန်မတို့ကိုပါ (သူ့ပရိသတ်အဖြစ်ရည်စူးသည်ထင့်) သိကျွမ်းဟန်ပြုပြသည်။ ထို့နောက် ကျွန်မဘော်ဒါပြောဆိုလိုသည့် အကြောင်းအရာများကို နားထောင်လိုက်၊ စဉ်းစားဟန်ပြုလိုက် နှင့် ကိုလေပေါဇာတ်လမ်းနိဒါန်းပျိုး၏။ နောက်ပိုင်း၌ ကိုလေပေါ တရစပ်ကြဲချသော လေဗုံးများအကြား ကျွန်မရှောင်လိုက်၊ ထိလိုက်နှင့် မွန်းလွဲနေကလည်း ကျဲကျဲပူလျက်။

တစ်ခုတော့ရှိပါသည်။ ကိုလေပေါသည် ခံယူချက်တိတိကျကျ ဆုပ်ကိုင်ထားသူဖြစ်သည်။ သို့ကြောင့် သူလေပေါခြင်းမှာလည်း အလကား ရခဲ့တာမဟုတ်စကောင်း ဟုတွေးဖြစ်သည်။ ပြောင်းလဲနေသောကမ္ဘာကြီး၏ စီးကြောင်းများထဲတွင် လူတိုင်းပြောင်းလဲနေခြင်းမှာ အပြစ်မဆိုသာ။ သို့သော်ပြောင်းလဲတိုင်း ကိုယ်ပိုင်ခံယူချက် တော့ ရှိရမည်။ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်စသည်ဖြင့် ထိုစီးကြောင်းကို မိမိ၏ဘဝ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုပြင်နိုင်စွမ်းတော့ရှိရမည်။ ထိုကဲ့သို့သော ကမ္ဘာကြီး၌ ရေစုန်လိုက် နေသည့် အတွေးအခေါ်များနှင့် ဖောင်းပွနေသော လေပူဖောင်းများပေါများလာသည်က မဆန်း။

ယခုကျွန်မရှေ့ရှိ လေပူဖောင်းကတော့ တမျိုးဆန်းနေသည်။သူ့စကားတစ်ဝက်လောက်မှာ သူ့အတွေးအခေါ်ကို ကျွန်မကောက်ချက်ချလိုက်မိသည်။ ထိုကိုလေပေါသည် အခြားသောလူငယ်များနှင့် လုံးဝမတူတာတော့သေချာနေသည်။ သူ့စကားလုံးများသည် သူ့ခံယူချက်ကိုအမှန်တကယ်ကိုယ်စားပြုသည် ဖြစ်ပါက သူသည် မိုးခါးရေကြိုက်သူတစ်ဦးတော့မဟုတ်ပါ။ ထို့အပြင် သူတပါးလက်ထဲမှ မိုးခါးရေကိုလည်း မနေနိုင်ဘဲ ခါးနေပါသည်ဟုဝေဖန်ပေးချင်သူတစ်ဦး ဖြစ်ဟန်တူသည်။

ထို့အပြင် တရားမျှတစွာလည်း လေပေါတတ်သူဖြစ်သည်ဟု ကျွန်မ တရားမျှတစွာ တွေးပေးလိုက်ပါသည်။ လူတော်တော်များများရှာဖွေဆဲဖြစ်သည့် မိမိကိုယ်ပိုင် VALUE ကိုလည်း ကိုလေပေါသည် ရှာဖွေတွေ့ရှိထားပုံပေါ်သည်။ သို့ဖြစ်၍ သူသည် လူတော် လူ့ဂွစာ ကိုလေပေါဖြစ်သည်ဟု ကျွန်မက အကြမ်းဖျင်းပုံကြမ်းထုတ်လိုက်သည်။

ထိုကဲ့သို့ ကိုလေပေါ၏ မုန်တိုင်းကြားမှာကျွန်မကလည်း အတွေးပေါင်းစုံနှင့် နေရှိန်သည့် ဒဏ်ကလည်း ခံရသေးသည်။ ကိုလေပေါ စကားကောင်းနေစဉ် အတောအတွင်းလေးအတွင်းမှာပဲ ကျွန်မ အပေါ်နှုတ်ခမ်းကို အင်းဆက်တစ်ကောင် ဝင်ခဲသွား၍ ကိုလေပေါစကားကြောထဲမှ ခေတ္တအပြင်ရောက်သွားသည်။ နာလိုက်တာလွန်ရော- ။ပါးစပ်နာနေသဖြင့် ကိုလေပေါတို့ပြောဆိုဆွေးနွေးမှုများက ကျွန်မစိတ်ထဲ  ရောက်တစ်ချက်၊ မရောက်တစ်ချက်။ သူတို့ကတော့ ဘာကိုမျှ မသိတော့သည့်အလား လေစက်ရုံအသစ်များ တည်နေကြသည်။

တစ်ခါတစ်ရံ စကားပြောရင်း ကိုလေပေါ၏ ဖုန်းက ထထလာတတ်၍ “ ဟလော်” ဟုဆိုကာ ၎င်းဖုန်းဖြေနေစဉ်ကာလလေးမှာပဲ ကျွန်မလေစက်ကွင်းက လွတ်၏။ သို့ပေမဲ့ တစ်ခုရှိတာက ကိုလေပေါသည် စကားဝိုင်းကို ၂ ဦးတည်းနှင့် မ,တည်မထားဘဲ တစ်ဝိုင်းလုံကိုပါ ဆွဲခေါ်တတ်သည့် ပညာလည်းတတ်သေးသည်။ စကားစတစ်ခုကို လှလှပပဆွဲယူတင်ပြတတ်သလို သူ့အတွေးအခေါ် ထင်မြင်ချက်များကိုလည်း ရဲရဲဝံ့ဝံ့ချပြပါသေးသည်။ ဤသို့ဖြင့် ကိုလေပေါသည် ၎င်း၏အတွေ့အကြုံများကို လေပူဖောင်းထဲထည့်မှုတ်ပြရင်း ပရိသတ်စိတ်ဝင်စား  စေမည့် Performance Art တစ်ခုကိုပြသနေသူလို ကျွန်မမြင်လာသည်။

ပတ်ဝန်းကျင်၏ တရှိန်ရှိန်အပူဒဏ်ကလည်း ထိုလေပူဖောင်းကို ပေါက်ကွဲအောင်မည်သို့မျှ မစွမ်းသာခဲ့ပါ။ နောက်တစ်ကြိမ် ထိုကိုလေပေါနှင့် ဆုံရဦးမည်ဆိုပါက အေးချမ်းသောရာသီဥတုသာ ဖြစ်စေလိုပါသည်။         ။

သူငယ်ချင်းများနှင့်

ဟေမာ၊ သူရဇော်၊ အိသက်တို့နှင့်….။

သူငယ်ချင်းများနှင့်

Myanmar Egress ဘော်ဒါများ….အိသက်၊ သွန်းသွန်း၊ ကိုနေယံဦးတို့နှင့်…။

CDCE

ချင်းမိုင်မှာ CDCE သူငယ်ချင်းများနှင့်….။

အိခိုင်

UFL သူငယ်ချင်း အိခိုင်အေးနှင့်…။

ထားထားအိ၊ ဟေမာတို့နှင့်….။

Myanmar Egress E – 2 သူငယ်ချင်းများနှင့် River View မှာ…။

CDCE သူငယ်ချင်းများနှင့်…။

သူငယ်ချင်းများနှင့် at Temarsat University in Chiang Rai

DSC04581 copy

DSC04568 copy

DSC04603 copy

DSC04710 copy

DSC04618 copyDSC04611 copy

About Dala

July 25, 2009

Some Data of Dala

Its population is over 128,000 in 2007. The urban population is over 85,000 and the rural is over 43,000.

Dala is formed with 23 quarters, 53 villages (23 village groups).

Most of the people are Buddhist and there are over 100,000 Buddhists. The others are Hindu, Islamist and Christians.

Geography Situation

Dala is situated between the north latitude 16 degree 20 minute and east longitude 96 degree 16 minute. It is about 5 furlong away from the south of Yangon. Dala is a town of southern district of Yangon Division, situating 20 feet above the sea level.

Area

Dala’s area is 86.51 sq miles. By acre, its land has totally 55368 acres.

Dala’s border line

East – The mouth of Yangon River

West – Ton Tay Township

South – Kaw Hmu Township

North – Yangon River

Weather

Its weather is not too hot or too cold. It has fair and nice weather. The hottest month of the year is about 40 degree centigrade. The coldest month is January and the temperature is 32 degree centigrade. The average temperature in the whole year is 35.33 degree centigrade.

Land

The land of Dala is just a plain type and it has not hill, mountain, cliff etc.

History

Dala was formed long long ago by Mons, one of the Myanmar ethnics. It was famous as a Mon City State of Suwonnabon Nation from AD first century till the end of AD 9th century. And also it was mainly well known during the 36 year war between Innwa and Hantharwaddy from AD 1386 to 1422. Dala was governed alternatively by the Myanmar and Mon Counts. But it was one of the war fields where Myanmar Knights and Mon Knights were confronting. During Bagan era, Dala was called “ Tala” and that “ Tala” was named “Ton Talai” by Mon language. According to the records, “Ton Talai” means “The town of Knights”.

Ton = Town

Talai = Knight

Ton Talai = Town of Knights

And then “Talai” was changed to “Tala” and after that “Tala” became “ Dala” which is currently used as the name of the town.

စိတ်ထဲမှာ တင်းကျပ်ထားခဲ့သမျှကို ဖြေချလိုက်ပါပြီ။ ကံမကောင်းခြင်းတွေကို တံခါးဖွင့်ပေးလိုက်ပြီး ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပြီ။ တံခါးပိတ်ထားတဲ့နှစ်တွေ မှာလည်း စိတ်ချမ်းသာတယ်ရယ်မှ မရှိခဲ့ဘဲ။

မထူးတော့ဘူးလို့ နောက်ဆုံးမှာ လှည့်တွေးလိုက်ရင်း ဝမ်းနည်းစရာတွေကို အားရပါးရ ငိုရင်း ရင်ဆိုင်နေလိုက်ပါပြီ။ ဘာမှ မျှော်လင့်စရာ မကျန်တဲ့အခြေအနေတွေမှာတောင် တစ်စုံတစ်ခုကို ပါးပါးလေးမျှော်လင့်ခိုင်းရင်း နေထိုင်လာခဲ့တဲ့ အချိန်တွေကို စွန့်ပစ်လိုက်ပြီ။ ရှေ့ဆက်ဖို့လမ်းမရှိတော့တဲ့ ချောက်ကမ်းပါးပဲကျန်တော့မယ် ဆိုရင်တောင် အဲဒီချောက်ဆီကို တည်ငြိမ်စွာသွားနိုင်အောင်ပဲ ကြိုးစားတော့မယ်။ မျှော်လင့်ချက်တွေ၊ အလင်းရောင်တွေဆိုတာကိုတော့ မဖန်တီးယူတော့ဘူး။ နေဝင်ချိန်ရောက်ဖို့က လူတိုင်းစိတ်ရှည်လက်ရှည်စောင့်ရဦးမှာလေ။

ငယ်ငယ်တုန်းက တက်ကြွစွာမျှော်လင်ခဲ့ဖူးတဲ့ မျက်လှည့်ဆန်တဲ့၊ အံ့ဩစရာ၊ ထူးခြားတဲ့အပြောင်းအလဲ (miracle) ဆိုတာလည်း အိပ်မက်သက်သက်အဖြစ် ချန်ထားရစ်ခဲ့ပါပြီ။ အခုလက်ရှိမှာတော့ ဘဝထဲမှာ သောကတွေ၊ ကံမကောင်းမှုတွေ၊ ဝမ်းနည်းစရာတွေကို အသိအမှတ်ပြု လက်ခံထားလိုက်ပါပြီ။

ကျွန်မရဲ့ တနင်္ဂနွေအလည်ခရီးလေးပါ။ မိုးတွေရွာနေတဲ့ မေ ၃၁ မှာ နေပြည်တော်ရဲ့ စိမ်းလန်းတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မခံစားပျော်ပိုက်ခဲ့တယ်။ အဲဒီ မေ ၃၁ မနက်ခင်းကတော့ မိုးသည်းသည်းလည်းရွာတယ်။ မိုးဖွဲဖွဲလည်းကျတယ်။ အုံ့မှိုင်းနေတဲ့အခါလည်းရှိတယ်။ အဲလိုမနက်မှာ နေပြည်တော်ရဲ့ရွှေတိဂုံဖြစ်တဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကိုဖူးမျှော်ဖို့ရောက်သွားတယ်။

DSC00641

DSC00640

လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းကျယ်ပြန့်တဲ့ရင်ပြင်တော်ပေါ်ကနေ ရွှေရောင်ဝင်းတဲ့စေတီတော်ကို ဖူးတွေ့ရတာအတော်ကြည်နူးဖို့ကောင်းပါတယ်။ စေတီတော်က အတွင်းကိုပါဝင်ဖူးလို့ရတဲ့ဂူဘုရားပုံစံမို့ အထဲဝင်ပြီး ဗုဒ္ဓမြတ်စွာရဲ့ရုပ်ပွားတော် ၄ဆူကိုလက်ယာရစ်ကြည်ညိုဖူးမျှော်နိုင်ပါသေးတယ်။

DSC00645

DSC00652

မျက်နှာကြက်အမိုးပေါ်က သစ္စာလေးပါးတရားတော်တွေကို ဖတ်ဖို့ကတော့ခဏရပ်ပြီးမော့ကြည့်လိုက်ဦးပေါ့။

DSC00662

ရင်ပြင်တော်နှင့်ကောင်းကင် မိုးတွေရွာနေပေမဲ့ စေတီတော်ရဲ့အတွင်းဘက်မှာရော၊ အပြင်ဘက်ရင်ပြင်တော်ပေါ်မှာပါ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေတယ်။ ဘုရားဖူးရင်းကျောက်ပြားအပြည့်ခင်းထားတဲ့ စေတီတော်ရင်ပြင်ကျယ်ကျယ်နဲ့ မိုးတိတ်သွားလို့အပြာရောင်တောက်လာတဲ့ကောင်းကင်ကိုတွေ့ရတာ ကျွန်မစိတ်ထဲ ငြိမ်းချမ်းလွတ်လပ်လာတယ်။

DSC00681

DSC00685

DSC00693

စေတီရင်ပြင်ပေါ်ကနေ နေပြည်တော်ဝန်းကျင်ကို စိမ်းစိမ်းစိုစိုမြင်နိုင်သေးတယ်။ ရှုခင်းလှလှတွေမြင်ရင် ဓာတ်ပုံမရိုက်ရမနေနိုင်တဲ့ကျွန်မတို့လို Photo crazy တွေအတွက် ကုသိုလ်လည်းရ၊ ဓာတ်ပုံလှလှတွေလည်းရခဲ့တဲ့ ဘုရားဖူးအလည်ခရီးပေါ့။

DSC00687

DSC00692

ဘုရားကအပြန်မှာ ပေါင်းလောင်းဆည်အနီးက လှေခွင်းတောင်ဆီသွားတယ်။ စိမ်းလန်းတဲ့ နွေအကုန်မိုးအကူး ပတ်ဝန်းကျင်ရှုခင်းတွေကိုခံစားရင်း အရိပ်တွေဝေဆာနေတဲ့ လှေခွင်းတောင်အသွားလမ်းတလျှောက် သွားနေချိန်မှာ မိုးကတိတ်သွားပြီ။ လှေခွင်းတောင်ပေါ်ကို တောလမ်းခရီးက တက်သွားလိုက်တာတောတောင်ရဲ့ ပတ်ဝန်းကျင်ကြောင့် သဘာဝဆန်ဆန်ကြည်နူးဖို့ကောင်းတယ်။

DSC00706

DSC00742

အတက်ခရီးက ၄၅ မိနစ်လောက်တော့ကြာတယ်။ ဘေးဘီကတွေ့နေရတဲ့ မှုန်ပျပျတောင်တန်းမြင်ကွင်းတွေကြောင့်ရော၊ တစ်ခါတစ်ခါရွာချတတ်တဲ့မိုးဖွဲဖွဲကြောင့်ရော တောင်တက်ရင်း “ မောတော့မောတာပေါ့ ဒါပေမဲ့မမောဘူး” ဖြစ်ခဲ့ရတယ်။

DSC00725

တောင်ပေါ်ရောက်တော့ တောင်ပေါ်လှေခွင်းတောင်ဘုရားမှာ အမောဖြေရင်း အဝေးက ပေါင်းလောင်းဆည်ကြီးကို ခပ်ပျပျတွေ့ရတယ်။ တောင်တစ်ဖက်တစ်ချက်က နေပြည်တော်မြင်ကွင်းတွေကိုလည်း အဝေးကစီးမြင်နိုင်သေးတယ်။

DSC00732

DSC00757

အဆင်းကိုတော့ နောက်တစ်ဖက်က စောင်းတန်းလှေကားထစ်တွေကနေ ဆင်းခဲ့တယ်။ အုတ်သားနီနီလှေကားထစ်တွေနဲ့ အဆင်းလမ်းက အတက်လောက် မပင်ပန်းတော့တာတော့ အမှန်ပဲ။

တစ်ခါတလေထိုင်နားရင်း တောင်ပေါ်က တွေ့နေရတဲ့ရှုခင်းတွေကို ကြည့်ရတာအေးချမ်းလာတယ်။

DSC00769

DSC00781

တောင်အောက်ရောက်တော့ အနီးနား သိပ်မဝေးတဲ့လှေဆိပ်ကိုသွားသေးတယ်။ လှေဆိပ်လို့ပဲရိုးရိုးလေးခေါ်ကြတဲ့ အဲဒီလှေဆိပ်လေးရှိတဲ့ ချောင်းရဲ့ရေစပ်တစ်လျှောက်ရေကစားနေတဲ့သူတွေကို တပျော်တပါးတွေ့ရတယ်။

DSC00794

DSC00796

ငါးမျှားနေတဲ့ ကလေးတွေ၊ ရေဆင်းစိမ်နေတဲ့လူကြီးတွေနဲ့ လှေဆိပ်လေးက တစည်တကားပါ။ တစ်ချက်တစ်ချက်ဆိုက်လာတဲ့ စက်တပ်လှေ ခပ်ရှည်ရှည်တွေကိုလည်း တွေ့ရတယ်။ အဲဒီလှေဆိပ်မှာ လေညင်းခံပြီးအပြန် ပျဉ်းမနားမြို့ထဲရောက်တော့ နေစောင်းနေပြီ။ အဲဒီလိုနဲ့ ၂ဝဝ၉ မေ ၃၁ ဟာ ပျော်စရာခရီးလေးနဲ့ အေးအေးမြမြပြီးဆုံးခဲ့ပါတယ်။

A.K.Latt

ဆံပင်ကောက်ကောက်၊ မျက်လုံးပြူးပြူးနဲ့ ခင်စရာ ရန်ကုန်သားပါ။ သူနဲ့က ၂၀၀၅ ခုနှစ်ထဲမှာ လုပ်ငန်းခွင်မှာသိကျွမ်းခဲ့တာဖြစ်ပါတယ်။ သူက စကားပြောကောင်းပြီးတက်ကြွတဲ့ လူငယ်လေးဖြစ်ခဲ့ဖူးတယ်။ မိတ်ဆွေတွေရဲ့အရေးကို စိတ်ဝင်စားပေးတယ်။ နားထောင်ပြီးအကြံပေးတယ်။ တခါတလေတော့ ၂၀၀၅ -၂၀၀၆ လောက်က ပျော်ရွှင်တက်ကြွနေတဲ့ A.K.Latt ကိုသတိရမိပါတယ်။

A.K.Win

Egress ကဘော်ဒါပါ။ သင်တန်းဆင်းပွဲက သူ့ရဲ့သံချပ်အစီအစဉ်လေးကို ခုထိသတိရနေဆဲပါ။ ကျွန်မတို့ အပေါင်းအသင်းတစ်သိုက်ရဲ့ အနွံအတာကို စိတ်ရှည်လက်ရှည်သည်းခံပေးရင်း ဘော်ဒါတွေအတွက် ထမင်းချိုင့်ထဲမှာ ဟင်းတွေအများကြီး ထည့်ထည့်လာတတ်တဲ့ရန်ကုန်သား။ အပြောအဆိုပွင့်လင်းပြီး ရိုးသားတယ်။ ဟန်ဆောင်မှုကင်းတယ်။ အဲဒါသူရသွားတဲ့အမှတ်တွေပါ။

A.M.Min

CDCE (ချင်းမိုင်) သင်တန်းနဲ့ဆက်နွယ်ပြီး အစောဆုံးသိကျွမ်းခဲ့တဲ့ ရန်ကုန်သားဖြစ်ပါတယ်။ ကျွန်မကို အရမ်းနားလည်တဲ့အဲဒီသူငယ်ချင်းမျိုးရခဲ့လို့ ဘုရားကိုကျေးဇူးတင်တယ်။ သူက ဉာဏ်ကောင်းတယ်။ ပွင့်လင်းတယ်။ ခုထိကျွန်မရဲ့ Advisor, Counselor အဖြစ်အားကိုးယုံကြည်နေရတဲ့သူပါ။

H.H.Ei

၂၀၀၅ နှစ်စပိုင်းမှာ လုပ်ငန်းခွင်မှာသိကျွမ်းခဲ့တဲ့ သူငယ်ချင်းပါ။ ကျွန်မနဲ့ ဝါသနာတူ၊စရိုက်တူ ရန်ကုန်သူဖြစ်ပါတယ်။ သူမနဲ့ကျွန်မက ရင်ခုန်သံချင်းတော်တော်နီးစပ်ခဲ့တယ်။ ခေါင်းမာတာ၊ ပေတေတာချင်းလည်း တူလို့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းစာရင်းထဲမှာသူမ ပါဝင်လာတယ်။

K.M.Mon

သန်လျင်ဘက်က ရွာလေးတစ်ရွာမှာ စွန့်စွန့်စားစား စာသွားသင်ပေးနေတဲ့ မူလတန်းပြဆရာမလေး။ ကျွန်မတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာစိတ်သဘောထားဖြူစင်မှုစံထားရမယ့် သူမျိုးပေါ့။ မိတ်ဆွေတွေက သူမအပေါ်ကောင်းကောင်း မကောင်းကောင်း သူမဘက်က စိတ်ထားဖြောင့်ဖြောင့်မှန်မှန်နဲ့ အတတ်နိုင်ဆုံးပေးဆပ်တတ်သူဖြစ်ပါတယ်။ ၂၀၀၅ မှာစတင်သိကျွမ်းခဲ့တာပါ။ အခုတော့သူမနဲ့ ကျွန်မ မကြာခင် အမျိုးတော်ရတော့မယ်။ 😀

K.T.Zin

Egress မှာခင်မင်ခဲ့တဲ့ညီမလေးပါ။ ကရင်မလေးပေါ့။ သူမက ခင်မင်တဲ့ကာလမကြာသေးပေမဲ့ ကျွန်မနဲ့စရိုက်တူ ဝါသနာတူစွာ Egress သင်တန်းမှာအခင်မင်ဆုံးတစ်ဦးဖြစ်ခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။ နည်းနည်းစိတ်ဆတ်ပေမဲ့ စိတ်ညစ်စရာ၊ ပျော်စရာတွေကို ကျွန်မနဲ့မျှဝေခံစားပေးခဲ့တဲ့သူ။

K.Z.Oo

၂၀၀၇ လွတ်လပ်ရေးနေ့မှာ စတင်ဆုံဖူးတာ မှတ်မိနေတယ်။ စကားလုံးတို့ရဲ့အရှင်သခင် ကဗျာဆရာ ကျွန်မသူငယ်ချင်းဟာ တခါတခါ နားလည်ရခက်ပေမဲ့ အရမ်းတော့ ခင်ဖို့ကောင်းပါတယ်။ ဘုရားပေးတဲ့ရေစက်နဲ့ခင်မင်နေတဲ့ မိတ်ဆွေပါ။ စိတ်မကောင်းစရာက ကျွန်မနဲ့တွေ့တိုင်း သူချစ်သူကောင်မလေးတွေနဲ့ပြတ်တဲ့အချိန်တွေချည်း ဖြစ်နေတတ်တာပါ။ 😀

K.Z.Ya

သူက တောင်ကြီးသားတရုတ်ပါ။ စိတ်သဘောထားဖြူစင်ပြီး ပစိပစပ်များတဲ့သူငယ်ချင်းတွေကို မျက်နှာပုပ်ပုပ်နဲ့စိတ်ရှည်ပေးတတ်တဲ့သူ..။သူနဲ့လည်း လုပ်ငန်းခွင်မှာ ၂၀၀၅ နှစ်စမှာ စသိကျွမ်းခဲ့တာပါ။ သူ့ကိုတွေ့စက ကျွန်မအမြင်ကတ်ခဲ့ပေမဲ့ ခုတော့ သူ့စိတ်ထားရှင်းရှင်းရယ်၊ ပွင့်လင်းမှုရယ်ကိုသိလာတော့ နည်းနည်းပဲ အမြင်ကတ်ပါတော့တယ်။ 😛

M.M.Soe

U.F.L ကအခင်ဆုံးတစ်ယောက်ပါ။ သူမကခုတော့ အဲဒီမှာပဲ နည်းပြလေးဖြစ်နေပါပြီ။ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးစွာ စိတ်ရောကိုယ်ပါ ခင်မင်ကူညီတတ်တာ သူမရဲ့သင်္ကေတ..။ကျွန်မကတော့ သူမကိုခုထိညှဉ်းပန်းနေဆဲပါ။ သူမကလည်း အပြုံးချိုချိုလေးနဲ့ Always Be There ဆိုပြီးအနွံတာခံပါတယ်။ ချစ်စရာကောင်းတဲ့ပဲခူးသူလေးပါ။

N.K.Mun

သူမကို ကျွန်မက ချစ်စနိုးနဲ့လျောင်ကီးလို့ခေါ်တတ်ပါတယ်။   ချစ်စရာတောင်ကြီးသူလေးပါ။ ဘာသာပြန်လုပ်ငန်းခွင်မှာ ခင်မင်မှုစတင်ချိန်က ၂၀၀၅ နှစ်စပိုင်း။ သူမ တောင်ကြီးကိုခဏပြန်သွားတုန်းကဆို အပြီးပြန်သွားတာများလားဆိုပြီင်္းကျွန်မစိတ်ပူခဲ့ရဖူးတယ်။ ခုတော့လည်း ရန်ကုန်မှာနေကြပြီးနေကြပြီး ကျွန်မတို့ နေ့တိုင်းမတွေ့ဖြစ်တော့ပါပေမဲ့ အခင်ဆုံးမိတ်ဆွေစာရင်းမှာ သူမပါဝင်နေဆဲပါ။

N.Z.Tun

အင်တာနက်မိတ်ဆွေ..။ ၂၀၀၈ မှာခင်မင်ခဲ့တယ်။ စိတ်သဘောထားပျော့ပျောင်းတဲ့ ကျွန်မသူငယ်ချင်းလေးနဲ့အပြင်မှာ အမှတ်ရဖွယ်တစ်ကြိမ်ဆုံခဲ့ပါတယ်။ အဲဒီတစ်ကြိမ်နဲ့တင် သူ့ကိုကျေးဇူးတွေတင်ခဲ့ရသေး။ သိကျွမ်းတဲ့ကာလတိုပေမဲ့ အတော်လေးခင်မင်ဖြစ်တဲ့ မိတ်ဆွေပါ။ J

P.P.Maung

အပြုံးချိုချိုနဲ့အေးချမ်းတဲ့ဆရာဝန်လေးပါ။ egress က အခင်ဆုံးအပေါင်းအသင်းတစ်ယောက်ပါပဲ။ သူ့ချစ်သူလေးနဲ့ စိတ်ကောက်လာတိုင်း ကျွန်မတို့ကိုရင်ဖွင့်ပြီး ခေါက်ဆွဲကြော်တွေတစ်ပွဲပြီးတစ်ပွဲမှာစားတတ် တဲ့လူထူးဆန်းလေး။ အင်တာနက်ဆိုင်မှာ ဘလော့တွေအတူရေးခဲ့ကြတာလည်း အမှတ်တရပါ။

S.d.Han

Egressသင်တန်းရဲ့ Orientation day က စသိခဲ့တဲ့ ရန်ကုန်သူပါ။ စကားများတဲ့ကျွန်မနဲ့ စကားနည်းတဲ့သူမ အရမ်းခင်မင်သွားတဲ့နောက်မှ ကျွန်မသိခဲ့ရတာတော့ သူမလည်းစကားများတယ်ဆိုတာပါပဲ။ သူမက နုနုနယ်နယ်လှလှပပမိန်းကလေး။ အေးဆေးသိမ်မွေ့စွာ သူငယ်ချင်းတွေအနွံအတာခံတတ်သူမို့ တိုတောင်းတဲ့ကာလမှာပဲ ကျွန်မရဲ့အခင်ဆုံးဖြစ်လာတဲ့ ဆေးဆရာမ။

S.Hm.Oo

ရယ်စရာစကားလေးတွေပြောတတ်တဲ့ ရန်ကုန်သူလေးနဲ့ ကျွန်မ egress မှာသိကျွမ်းခဲ့ပါတယ်။ သူမက ခုဆိုကျွန်မရဲ့ ဘေးနားမှာထိုင်ရင်း အလုပ်လုပ်တူတူလုပ်နေရပြီ။ ပျော်စရာကောင်းတဲ့ အလုပ်ချိန်တွေကိုမျှဝေခံစားရင်း ဝမ်းနည်းစရာလေးတွေကိုလည်း ရယ်ပွဲတွေဖွဲ့ဖွဲ့ရင်း See you tomorrow လို့ နေ့တိုင်းနှုတ်ဆက်နေတဲ့သူ..။

S.L.Tun

U.F.L အတူတက်ခဲ့တဲ့ ရောင်းရင်းကြီးဖြစ်ပါတယ်။ ၂၀၀၀ နှစ်ကုန်က စသိခဲ့ပြီးကျောင်းပြီးတော့ ဝေးသွားလိုက်တာ ခုတော့ Online Meeting ကိုပဲအားကိုးနေရတယ်။ ဆိုက်ပရပ်မှာ ကျောင်းတက်အလုပ်တွေ လုပ်ရင်း ရင့်ကျက်တည်ငြိမ်လာတော့ သူက အရင်ထက်ပိုလေးစားစရာကောင်းလာပေမဲ့ တခါတလေတော့ အုပ်စုလိုက်ကျောင်းတွေအတူပြေးခဲ့တဲ့ UFL ကျောင်းသားလေးကိုသတိရပါတယ်။

S.S.Tun

CDCE(ချင်းမိုင်)သင်တန်းက အခင်ဆုံးညီမငယ်..။ ၂၀၀၈ ဇူလိုင်မှာ သူမနဲ့စပြီး သိကျွမ်းခဲ့ပုံက တကယ်ကိုဘုရားဖန်ဆင်းသလိုပါပဲ။ အမှတ်တရအဖြစ်ဆုံးကတော့ ချင်းမိုင်ကပျော်စရာနေ့စွဲတွေပါ။ သူမကတည်ငြိမ်တယ်။ ဇွဲရှိတယ်။ သမီးလိမ္မာလေးလည်းဟုတ်တယ်။

T.S.Phyu

၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ခင်မင်ခဲ့တဲ့ချစ်စရာမိန်းကလေးပါ။ U.F.L နေ့စွဲတွေကိုပြန်တွေးတိုင်း သူမက မပါမဖြစ်။ Ideal Christian မိန်းကလေးလို့ ကျွန်မက သူမကိုမြင်တယ်။ တကယ်သိမ်မွေ့ပြီး တဖက်သားကို နားလည်ပေးတတ်မှုက သူမရဲ့အားသာချက်ပါ။ ကျွန်မကတော့ အဲဒီလားရှိုးသူလေး သူ့မြို့ပြန်သွားမှာပဲ စိုးရိမ်နေရတယ်။

DSC00395

၂ဝဝ၂ ခုနှစ် ဇူလိုင်လထုတ် Fashion Image မဂ္ဂဇင်းဟောင်းလေးကို ပြန်လှန်ကြည့်မိတော့ နီရင့်ရင့်ရဲ့ကျွန်းဆိုတဲ့ ကဗျာလေးကိုခံစားတာ အသစ်ပြန်ဖြစ်လာတယ်။ သူ့ရဲ့ကဗျာထဲက အလွမ်းက စဖတ်လိုက်တာနဲ့ ခိုကိုးရာမဲ့တဲ့ခံစားမှုနဲ့ ရင်ထဲဝင်လာတာပဲ။ ခုလိုပူုပြင်းတဲ့ ရာသီမှာဖတ်လိုက်တာဆိုတော့ အဲဒီအလွမ်းက အကာအကွယ်မဲ့ပူလောင်လာတယ်။

လွမ်းလို့ထီးဖွင့်ဆောင်းစရာမရှိတဲ့

မိုးတိမ်တွေလို

ခေါင်းငုံ့ထားရတယ်….. တဲ့။

အဲဒီအစပိုင်းလေးမှာတင် လူကအလွမ်းနဲ့ ပူလောင်ချိနဲ့လာပြီး အားငယ်မှုနဲ့နှုတ်ဆိတ်နေတဲ့ စကားလုံးတွေကို ရှာတွေ့လိုက်တယ်။ ကိုယ်ဟာမနိုင်ဝန်ကို ထမ်းမိလို့ မချိမဆန့် ဒဏ်ရာတွေများ ရလာမိလားလို့ အတွေးရောက်မိတယ်။ လူဆိုတာကလည်းခံစားမှုနောက်လိုက်မှန်းမသိလိုက်ရင်း တွေ့ရာမြင်ရာ အာရုံကိုခံစားပျော်ပိုက်နေတဲ့အမျိုး။

အဲဒီလိုလောကမှာမှ ကျွန်မတို့တွေက အပြန်အလှန်နားလည်မှုလေးတွေနဲ့ ရှင်သန်နေရတာ။

နားလည်မှုနှစ်ထပ်ကြားက

ပဝါပါးကလေးမိုးမိခဲ့ပြီလား

ကဲ………အဲဒီပဝါပါးလေးက ဘာအကြောင်းတွေကြောင့် မိုးမိနိုင်သလဲ။ အဲဒါတွေ တွေးရင်းနဲ့ပဲ မိုးလင်းသွားနိုင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် အားလုံးပြီးခဲ့ပြီဆိုတာ သေချာရင်တော့ ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်ရမှာ အမှန်ပဲလေ။ ဘယ်လိုစာမျက်နှာတွေပဲ ဖြတ်ခဲ့ဖြတ်ခဲ့၊ အသစ်စာမျက်နှာတွေကိုတော့ လှပဖို့ သန့်ရှင်းဖို့ တာဝန်ယူရဦးမယ်။ အဲဒါလူဖြစ်ရခြင်းရဲ့ တာဝန်ပဲလို့ အတွေးတွေ ရောက်ပေါက်ရင်း ကဗျာလေးဆုံးသွားပါတယ်။ အဆုံးသတ် စကားလုံးရွေးချယ်မှုက ရိုးရှင်းတယ်။ ပြတ်သားတယ်။ စိတ်ကိုတင်းထားရတယ်…တဲ့။ အဲဒီစာကြောင်းလေးဖတ်လိုက်တော့မှ တင်းထားတဲ့ စိတ်က ပြန်ပြီးခိုကိုးရာမဲ့ဖြစ်လာလို့ မဂ္ဂဇင်းစာအုပ်ဟောင်းလေးကို အသာပြန်ပိတ်လိုက်တယ်။

ကျွန်မဘ၀မှာ တန်ဖိုးထားတဲ့အရာ များများစားစားမရှိလှပါ။အဲဒီထဲမှာမှ ယုံကြည်မှုဆိုတဲ့အရာ ပါဝင်နေတာဖြစ်ပါတယ်။ ကျွန်မက ယုံကြည်မှုတွေပေးတတ်ပါတယ်။ ပေးနိုင်အောင်လည်း တမင်လေ့ကျင့်ခဲ့ဖူးတယ်။

ကျွန်မက ယုံကြည်မှုကိုမြတ်နိုးတယ်။ ယုံကြည်ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည်ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစားတတ်လာသလိုပဲ။ Love All ဆိုတဲ့စကားကို အပြည့်အဝ မပြုကျင့်နိုင်သေးသလို Trust a Few ဆိုတာကိုလည်း မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ကျွန်မက Try to Trust ဖြစ်နေတယ်။ တခါတလေတော့ ဘယ်လိုမှ ယုံကြည်စရာ အကွက်ရှာမတွေ့တဲ့သူမျိုးနဲ့ ကြုံဆုံရတဲ့အခါလည်း ရှိတယ်။ အဲလိုခါမျိုးဆို အရင်ဆုံးကျွန်မစိတ်ဆင်းရဲရတယ်။ ကိုယ်တိုင်က သိပ်မရင့်ကျက်နိုင်သေးတာလားပဲမသိ။ အဲဒီလိုလူတွေနဲ့ ကျွန်မပေါင်းသင်းဆက်ဆံလိုစိတ်ကုန်နေတတ်တယ်။

ဘာပဲပြောပြော ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံအချင်းချင်းကြားက ယုံကြည်မှုက စလို့ သူငယ်ချင်းနှစ်ယောက်ကြားက ယုံကြည်မှုထိ ယုံကြည်မှုအားလုံးက ခိုင်မာနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုရဲ့အုတ်မြစ်ပဲလေ။ အဲဒီလိုယုံကြည်မှုတွေဟာ ရေခံမြေခံအရရှိလာတာလည်း ရှိတယ်။ တမင်တည်ဆောက်ယူရတာလည်းရှိတယ်။ အလိုအလျောက် ရှိနေတာလည်းရှိတယ်။ အဲဒါကြောင့် တမင်ဆောက်ထားတဲ့ ယုံကြည်မှုတွေပျက်ခဲ့ရတဲ့ အခါမျိုးတွေလည်း ကျွန်မကြုံခဲ့ရဖူးတယ်။ ခံစားမှုဘက်ကကြည့်ရင်တော့ So bad ပေါ့။ ဒါပေမဲ့ Love All ဆိုတာလေးနဲ့ ပြန်ဖြည့်ဖြည့်နေရတယ်။ နားလည်မှုပေးလိုက်တယ်။ နိုင်သလောက်ပေါ့။ ၀န်တော့ သိပ်မကြီးမိဖို့ကြိုးစားတယ်။ ကျွန်မနားလည်မပေးနိုင်တဲ့ နယ်ပယ်ထိရောက်သွားရင်တော့ ကြိုးတွေ ဖြေချလိုက်တာပါပဲ။

တခါတလေတော့ Value တွေနဲ့ ချိန်ထိုးကြည့်ရတယ်။ အချိန်ယူပြီးပြန်ဆောက်နိုင်တဲ့ ယုံကြည်မှုကို မျှော်လင့်ကြည့်ရတယ်။ ယုံကြည်မှုဆိုတာပေါ် သိပ် Sensitive မဖြစ်မိအောင်လည်း ကြိုးစားရတယ်။ လူဆိုတာ အားလုံး အရိယာမှ မဟုတ်တာ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်အပါးက လူတွေကိုယ့်ကိုအတိုင်းအတာတစ်ခုထိ ယုံကြည်လို့ရအောင် ခုထိကြိုးစားနေဆဲမဟုတ်လား။ ကိစ္စအားလုံးကိုသုံးဘက်မြင်တတ်အောင် လေ့ကျင့် ပါတယ်။ အဲဒီလိုနဲ့ပဲ ယုံကြည်မှုအလဲအလှယ်တွေ ပြေလည်နေလိမ့်မယ်လို့တော့ ယုံကြည်နေပါသေးတယ်။

ဒီနေ့ နေ့လယ်က အောင်ဆန်းကွင်းထဲရောက်သွားတယ်။ အကြောင်းကတော့ သိတဲ့အတိုင်း ရန်ကုန်ယူနိုက်တက်ရဲ့ မိတ်ဆက်ပွဲလေးပေါ့။

အ၀င်နားကအ၀င်နားက တက်ကြွနေတဲ့ လူတွေ

မှတ်တမ်းပရိသတ်မှတ်တမ်း လက်မှတ်တွေထိုးကြ

dsc00058ဟောဒီလို အားပါးတရအားပေးကြတယ်

dsc00073ရန်ကုန်ချစ်သူများ

dsc00077ရန်ကုန်ချစ်သူများအတွက် ရန်ကုန်အင်အားများ

dsc00096ရန်ကုန်ယူနိုက်တက်ရဲ့ နှစ်သင်းခွဲကစားတဲ့  ပွဲမစမီ နာဂစ်တစ်နှစ်ပြည့် အမှတ်တရ ၀မ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်

dsc00068Dream Big…..Play Hard

dsc00103အင်တိုက်အားတိုက် နှစ်သင်းခွဲကန်တယ်

dsc00106သူတို့ကိုလည်းကျေးဇူးတင်တယ်

ဘာပဲဖြစ်ဖြစ် နောက်လာမယ့် ရန်ကုန်ယူနိုက်တက်ပွဲတွေမှာ ပျော်ရွှင်စွာတွေ့ကြဖို့ မျှော်လင့်နေပါကြောင်း…။