တံခါးဖွင့်လိုက်ပြီ

June 30, 2009

စိတ်ထဲမှာ တင်းကျပ်ထားခဲ့သမျှကို ဖြေချလိုက်ပါပြီ။ ကံမကောင်းခြင်းတွေကို တံခါးဖွင့်ပေးလိုက်ပြီး ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပြီ။ တံခါးပိတ်ထားတဲ့နှစ်တွေ မှာလည်း စိတ်ချမ်းသာတယ်ရယ်မှ မရှိခဲ့ဘဲ။

မထူးတော့ဘူးလို့ နောက်ဆုံးမှာ လှည့်တွေးလိုက်ရင်း ဝမ်းနည်းစရာတွေကို အားရပါးရ ငိုရင်း ရင်ဆိုင်နေလိုက်ပါပြီ။ ဘာမှ မျှော်လင့်စရာ မကျန်တဲ့အခြေအနေတွေမှာတောင် တစ်စုံတစ်ခုကို ပါးပါးလေးမျှော်လင့်ခိုင်းရင်း နေထိုင်လာခဲ့တဲ့ အချိန်တွေကို စွန့်ပစ်လိုက်ပြီ။ ရှေ့ဆက်ဖို့လမ်းမရှိတော့တဲ့ ချောက်ကမ်းပါးပဲကျန်တော့မယ် ဆိုရင်တောင် အဲဒီချောက်ဆီကို တည်ငြိမ်စွာသွားနိုင်အောင်ပဲ ကြိုးစားတော့မယ်။ မျှော်လင့်ချက်တွေ၊ အလင်းရောင်တွေဆိုတာကိုတော့ မဖန်တီးယူတော့ဘူး။ နေဝင်ချိန်ရောက်ဖို့က လူတိုင်းစိတ်ရှည်လက်ရှည်စောင့်ရဦးမှာလေ။

ငယ်ငယ်တုန်းက တက်ကြွစွာမျှော်လင်ခဲ့ဖူးတဲ့ မျက်လှည့်ဆန်တဲ့၊ အံ့ဩစရာ၊ ထူးခြားတဲ့အပြောင်းအလဲ (miracle) ဆိုတာလည်း အိပ်မက်သက်သက်အဖြစ် ချန်ထားရစ်ခဲ့ပါပြီ။ အခုလက်ရှိမှာတော့ ဘဝထဲမှာ သောကတွေ၊ ကံမကောင်းမှုတွေ၊ ဝမ်းနည်းစရာတွေကို အသိအမှတ်ပြု လက်ခံထားလိုက်ပါပြီ။

6 Responses to “တံခါးဖွင့်လိုက်ပြီ”


  1. ကျွန်တော် နောက်ဆုံးပိုစ့်လေး ရေးထားတယ်။ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းအကြောင်းပါ။ မကလျာထက် ဆိုးမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အကြောင်းကို ကျွန်တော် ပြည့်ပြည့်စုံစုံတင်ချင်ပေမယ့် ပုဂ္ဂိုလ်ရေး ထိခိုက်နိုင်လို့ မတင်ဖြစ်တာ။ စိတ်ကို ပြင်လိုက်ပါ။ သူငယ်ချင်းရေ

  2. JQY Says:

    စိတ်ညစ်စရာတွေကို တွေးလေလေ စိတ်ညစ်လေလေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်စရာကို မတွေးမိအောင် တစ်ခုခုကို ကြိုးစားပမ်းစားလုပ်ပါ။ ဥပမာ အလွန်ပျင်းဖို့ ကောင်းတဲ့ စာအုပ်ကို မပြီးပြီးအောင် ဖတ်လိုက်တာမျိုး။


  3. တစ်ခါ တစ်ခါ ကိုယ်က ကံမကောင်းတာလို့ ထင်နေပေမယ့် .. ကံကောင်းဖို့ ဖြစ်လာတာလဲ ဖြစ်တတ်ပါတယ် သူငယ်ချင်းရယ်..
    အားမလျှော့နဲ့ .. Aja Aja Fighting!!!!း)

  4. jjqqyy Says:

    ပိုစ့်အသစ်တင်လိုက်ပါပြီ


  5. အဟဲ မေးသွားတဲ့ မေးခွန်းကို မဖြေဆိုနိုင်ပါဘူးခင်ဗျာ။

  6. jjqqyy Says:

    ဟိုဟို ဒီဒီ လိုက်လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: