၂ဝဝ၉ မေ ၃၁ နေပြည်တော်မှာ

June 5, 2009

ကျွန်မရဲ့ တနင်္ဂနွေအလည်ခရီးလေးပါ။ မိုးတွေရွာနေတဲ့ မေ ၃၁ မှာ နေပြည်တော်ရဲ့ စိမ်းလန်းတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မခံစားပျော်ပိုက်ခဲ့တယ်။ အဲဒီ မေ ၃၁ မနက်ခင်းကတော့ မိုးသည်းသည်းလည်းရွာတယ်။ မိုးဖွဲဖွဲလည်းကျတယ်။ အုံ့မှိုင်းနေတဲ့အခါလည်းရှိတယ်။ အဲလိုမနက်မှာ နေပြည်တော်ရဲ့ရွှေတိဂုံဖြစ်တဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကိုဖူးမျှော်ဖို့ရောက်သွားတယ်။

DSC00641

DSC00640

လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းကျယ်ပြန့်တဲ့ရင်ပြင်တော်ပေါ်ကနေ ရွှေရောင်ဝင်းတဲ့စေတီတော်ကို ဖူးတွေ့ရတာအတော်ကြည်နူးဖို့ကောင်းပါတယ်။ စေတီတော်က အတွင်းကိုပါဝင်ဖူးလို့ရတဲ့ဂူဘုရားပုံစံမို့ အထဲဝင်ပြီး ဗုဒ္ဓမြတ်စွာရဲ့ရုပ်ပွားတော် ၄ဆူကိုလက်ယာရစ်ကြည်ညိုဖူးမျှော်နိုင်ပါသေးတယ်။

DSC00645

DSC00652

မျက်နှာကြက်အမိုးပေါ်က သစ္စာလေးပါးတရားတော်တွေကို ဖတ်ဖို့ကတော့ခဏရပ်ပြီးမော့ကြည့်လိုက်ဦးပေါ့။

DSC00662

ရင်ပြင်တော်နှင့်ကောင်းကင် မိုးတွေရွာနေပေမဲ့ စေတီတော်ရဲ့အတွင်းဘက်မှာရော၊ အပြင်ဘက်ရင်ပြင်တော်ပေါ်မှာပါ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေတယ်။ ဘုရားဖူးရင်းကျောက်ပြားအပြည့်ခင်းထားတဲ့ စေတီတော်ရင်ပြင်ကျယ်ကျယ်နဲ့ မိုးတိတ်သွားလို့အပြာရောင်တောက်လာတဲ့ကောင်းကင်ကိုတွေ့ရတာ ကျွန်မစိတ်ထဲ ငြိမ်းချမ်းလွတ်လပ်လာတယ်။

DSC00681

DSC00685

DSC00693

စေတီရင်ပြင်ပေါ်ကနေ နေပြည်တော်ဝန်းကျင်ကို စိမ်းစိမ်းစိုစိုမြင်နိုင်သေးတယ်။ ရှုခင်းလှလှတွေမြင်ရင် ဓာတ်ပုံမရိုက်ရမနေနိုင်တဲ့ကျွန်မတို့လို Photo crazy တွေအတွက် ကုသိုလ်လည်းရ၊ ဓာတ်ပုံလှလှတွေလည်းရခဲ့တဲ့ ဘုရားဖူးအလည်ခရီးပေါ့။

DSC00687

DSC00692

ဘုရားကအပြန်မှာ ပေါင်းလောင်းဆည်အနီးက လှေခွင်းတောင်ဆီသွားတယ်။ စိမ်းလန်းတဲ့ နွေအကုန်မိုးအကူး ပတ်ဝန်းကျင်ရှုခင်းတွေကိုခံစားရင်း အရိပ်တွေဝေဆာနေတဲ့ လှေခွင်းတောင်အသွားလမ်းတလျှောက် သွားနေချိန်မှာ မိုးကတိတ်သွားပြီ။ လှေခွင်းတောင်ပေါ်ကို တောလမ်းခရီးက တက်သွားလိုက်တာတောတောင်ရဲ့ ပတ်ဝန်းကျင်ကြောင့် သဘာဝဆန်ဆန်ကြည်နူးဖို့ကောင်းတယ်။

DSC00706

DSC00742

အတက်ခရီးက ၄၅ မိနစ်လောက်တော့ကြာတယ်။ ဘေးဘီကတွေ့နေရတဲ့ မှုန်ပျပျတောင်တန်းမြင်ကွင်းတွေကြောင့်ရော၊ တစ်ခါတစ်ခါရွာချတတ်တဲ့မိုးဖွဲဖွဲကြောင့်ရော တောင်တက်ရင်း “ မောတော့မောတာပေါ့ ဒါပေမဲ့မမောဘူး” ဖြစ်ခဲ့ရတယ်။

DSC00725

တောင်ပေါ်ရောက်တော့ တောင်ပေါ်လှေခွင်းတောင်ဘုရားမှာ အမောဖြေရင်း အဝေးက ပေါင်းလောင်းဆည်ကြီးကို ခပ်ပျပျတွေ့ရတယ်။ တောင်တစ်ဖက်တစ်ချက်က နေပြည်တော်မြင်ကွင်းတွေကိုလည်း အဝေးကစီးမြင်နိုင်သေးတယ်။

DSC00732

DSC00757

အဆင်းကိုတော့ နောက်တစ်ဖက်က စောင်းတန်းလှေကားထစ်တွေကနေ ဆင်းခဲ့တယ်။ အုတ်သားနီနီလှေကားထစ်တွေနဲ့ အဆင်းလမ်းက အတက်လောက် မပင်ပန်းတော့တာတော့ အမှန်ပဲ။

တစ်ခါတလေထိုင်နားရင်း တောင်ပေါ်က တွေ့နေရတဲ့ရှုခင်းတွေကို ကြည့်ရတာအေးချမ်းလာတယ်။

DSC00769

DSC00781

တောင်အောက်ရောက်တော့ အနီးနား သိပ်မဝေးတဲ့လှေဆိပ်ကိုသွားသေးတယ်။ လှေဆိပ်လို့ပဲရိုးရိုးလေးခေါ်ကြတဲ့ အဲဒီလှေဆိပ်လေးရှိတဲ့ ချောင်းရဲ့ရေစပ်တစ်လျှောက်ရေကစားနေတဲ့သူတွေကို တပျော်တပါးတွေ့ရတယ်။

DSC00794

DSC00796

ငါးမျှားနေတဲ့ ကလေးတွေ၊ ရေဆင်းစိမ်နေတဲ့လူကြီးတွေနဲ့ လှေဆိပ်လေးက တစည်တကားပါ။ တစ်ချက်တစ်ချက်ဆိုက်လာတဲ့ စက်တပ်လှေ ခပ်ရှည်ရှည်တွေကိုလည်း တွေ့ရတယ်။ အဲဒီလှေဆိပ်မှာ လေညင်းခံပြီးအပြန် ပျဉ်းမနားမြို့ထဲရောက်တော့ နေစောင်းနေပြီ။ အဲဒီလိုနဲ့ ၂ဝဝ၉ မေ ၃၁ ဟာ ပျော်စရာခရီးလေးနဲ့ အေးအေးမြမြပြီးဆုံးခဲ့ပါတယ်။

6 Responses to “၂ဝဝ၉ မေ ၃၁ နေပြည်တော်မှာ”

  1. mm thinker Says:

    ခုမှ နေပြည်တော်က ရွှေတိဂုံကို သေချာ မြင်ဖူးတော့တယ်။
    ကျေးဇူး


  2. မကလျာ

    ငါဘယ်ပြောရမှန်းတောင် မသိဘူး။

    မကလျာ နင်သိပ်တော်တယ်။ Good Job

  3. လင်းပြာနွေ Says:

    လွမ်းစရာ .. ပျော်စရာ .. အမှတ်တရ …


  4. လာလည်သွားပါတယ်။ အကြွေးတင်နေတာ ကြာပြီမို့လို့

  5. Ma's Maung Lay Says:

    ကိုယ့်မကြီး

    နဲ့လိုက်ကြည့်နေရသလိုပဲ။ ကြည်နူးဖို့ကောင်းတယ်။
    စာလေးတွေပါတော့ ပို အရသာတွေ့သွားတယ်။
    အသံထွက်ပြီးရှင်းပြလို့လည်း ကျေးဇူးဗျာ….
    နေပြည်တော်မှာ နေခဲ့ဘူးပေမဲ့ ပေါင်းလောင်း ဘက်မသွားလိုက်ရတာနာတယ်ကွာ။

    အထူးသဖြင့် အမရဲ့ ဓါတ်ပုံ့ခရီးသွားမှတ်တမ်းကို ကြိုက်တယ်
    နောင်လည်း များများသွားနိုင်ပါစေ။

    zml

  6. yamin Says:

    ခုမှပဲ ရွှေတိဂုံဘုရားကို လာရောက်ဖူးမြော်ရတော့တယ်။ ကျေးဇူးတင်လိုက်တာ။ ထပ်ပြီး ထူးဆန်းတာတွေ တင်ပေးပါဦးနော်….


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: