နီရင့်ရင့် ရေးတဲ့ “ကျွန်း” ကဗျာကိုခံစားခြင်း

May 13, 2009

DSC00395

၂ဝဝ၂ ခုနှစ် ဇူလိုင်လထုတ် Fashion Image မဂ္ဂဇင်းဟောင်းလေးကို ပြန်လှန်ကြည့်မိတော့ နီရင့်ရင့်ရဲ့ကျွန်းဆိုတဲ့ ကဗျာလေးကိုခံစားတာ အသစ်ပြန်ဖြစ်လာတယ်။ သူ့ရဲ့ကဗျာထဲက အလွမ်းက စဖတ်လိုက်တာနဲ့ ခိုကိုးရာမဲ့တဲ့ခံစားမှုနဲ့ ရင်ထဲဝင်လာတာပဲ။ ခုလိုပူုပြင်းတဲ့ ရာသီမှာဖတ်လိုက်တာဆိုတော့ အဲဒီအလွမ်းက အကာအကွယ်မဲ့ပူလောင်လာတယ်။

လွမ်းလို့ထီးဖွင့်ဆောင်းစရာမရှိတဲ့

မိုးတိမ်တွေလို

ခေါင်းငုံ့ထားရတယ်….. တဲ့။

အဲဒီအစပိုင်းလေးမှာတင် လူကအလွမ်းနဲ့ ပူလောင်ချိနဲ့လာပြီး အားငယ်မှုနဲ့နှုတ်ဆိတ်နေတဲ့ စကားလုံးတွေကို ရှာတွေ့လိုက်တယ်။ ကိုယ်ဟာမနိုင်ဝန်ကို ထမ်းမိလို့ မချိမဆန့် ဒဏ်ရာတွေများ ရလာမိလားလို့ အတွေးရောက်မိတယ်။ လူဆိုတာကလည်းခံစားမှုနောက်လိုက်မှန်းမသိလိုက်ရင်း တွေ့ရာမြင်ရာ အာရုံကိုခံစားပျော်ပိုက်နေတဲ့အမျိုး။

အဲဒီလိုလောကမှာမှ ကျွန်မတို့တွေက အပြန်အလှန်နားလည်မှုလေးတွေနဲ့ ရှင်သန်နေရတာ။

နားလည်မှုနှစ်ထပ်ကြားက

ပဝါပါးကလေးမိုးမိခဲ့ပြီလား

ကဲ………အဲဒီပဝါပါးလေးက ဘာအကြောင်းတွေကြောင့် မိုးမိနိုင်သလဲ။ အဲဒါတွေ တွေးရင်းနဲ့ပဲ မိုးလင်းသွားနိုင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် အားလုံးပြီးခဲ့ပြီဆိုတာ သေချာရင်တော့ ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်ရမှာ အမှန်ပဲလေ။ ဘယ်လိုစာမျက်နှာတွေပဲ ဖြတ်ခဲ့ဖြတ်ခဲ့၊ အသစ်စာမျက်နှာတွေကိုတော့ လှပဖို့ သန့်ရှင်းဖို့ တာဝန်ယူရဦးမယ်။ အဲဒါလူဖြစ်ရခြင်းရဲ့ တာဝန်ပဲလို့ အတွေးတွေ ရောက်ပေါက်ရင်း ကဗျာလေးဆုံးသွားပါတယ်။ အဆုံးသတ် စကားလုံးရွေးချယ်မှုက ရိုးရှင်းတယ်။ ပြတ်သားတယ်။ စိတ်ကိုတင်းထားရတယ်…တဲ့။ အဲဒီစာကြောင်းလေးဖတ်လိုက်တော့မှ တင်းထားတဲ့ စိတ်က ပြန်ပြီးခိုကိုးရာမဲ့ဖြစ်လာလို့ မဂ္ဂဇင်းစာအုပ်ဟောင်းလေးကို အသာပြန်ပိတ်လိုက်တယ်။

2 Responses to “နီရင့်ရင့် ရေးတဲ့ “ကျွန်း” ကဗျာကိုခံစားခြင်း”


  1. ကောင်မလေးရေ… ဘာတွေ လျှောက်တွေးနေတာတုန်း။ ခံစားမနေနဲ့။ တွေဝေမနေနဲ့။ ထ ထ ။ မိုးလင်းပြီ။ ထမင်းထချက် အဲ ဟုတ်ဘူး။ ယောင်ကုန်ပြီ။ ရွာကို သတိရသွားလို့။ မိုးမိနေတဲ့ ပုဝါပါးကို လွင့်ပစ်လိုက်။ ထီးတစ်လက်က ဘာဈေးမှ မရှိဘူး။

    ပျော်အောင် လျှောက်စ နေတာပါခင်ဗျာ:)

  2. mm thinker Says:

    လာဖတ်တယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: