ယုံကြည်မှု အလဲအလှယ်

May 7, 2009

ကျွန်မဘ၀မှာ တန်ဖိုးထားတဲ့အရာ များများစားစားမရှိလှပါ။အဲဒီထဲမှာမှ ယုံကြည်မှုဆိုတဲ့အရာ ပါဝင်နေတာဖြစ်ပါတယ်။ ကျွန်မက ယုံကြည်မှုတွေပေးတတ်ပါတယ်။ ပေးနိုင်အောင်လည်း တမင်လေ့ကျင့်ခဲ့ဖူးတယ်။

ကျွန်မက ယုံကြည်မှုကိုမြတ်နိုးတယ်။ ယုံကြည်ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည်ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစားတတ်လာသလိုပဲ။ Love All ဆိုတဲ့စကားကို အပြည့်အဝ မပြုကျင့်နိုင်သေးသလို Trust a Few ဆိုတာကိုလည်း မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ကျွန်မက Try to Trust ဖြစ်နေတယ်။ တခါတလေတော့ ဘယ်လိုမှ ယုံကြည်စရာ အကွက်ရှာမတွေ့တဲ့သူမျိုးနဲ့ ကြုံဆုံရတဲ့အခါလည်း ရှိတယ်။ အဲလိုခါမျိုးဆို အရင်ဆုံးကျွန်မစိတ်ဆင်းရဲရတယ်။ ကိုယ်တိုင်က သိပ်မရင့်ကျက်နိုင်သေးတာလားပဲမသိ။ အဲဒီလိုလူတွေနဲ့ ကျွန်မပေါင်းသင်းဆက်ဆံလိုစိတ်ကုန်နေတတ်တယ်။

ဘာပဲပြောပြော ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံအချင်းချင်းကြားက ယုံကြည်မှုက စလို့ သူငယ်ချင်းနှစ်ယောက်ကြားက ယုံကြည်မှုထိ ယုံကြည်မှုအားလုံးက ခိုင်မာနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုရဲ့အုတ်မြစ်ပဲလေ။ အဲဒီလိုယုံကြည်မှုတွေဟာ ရေခံမြေခံအရရှိလာတာလည်း ရှိတယ်။ တမင်တည်ဆောက်ယူရတာလည်းရှိတယ်။ အလိုအလျောက် ရှိနေတာလည်းရှိတယ်။ အဲဒါကြောင့် တမင်ဆောက်ထားတဲ့ ယုံကြည်မှုတွေပျက်ခဲ့ရတဲ့ အခါမျိုးတွေလည်း ကျွန်မကြုံခဲ့ရဖူးတယ်။ ခံစားမှုဘက်ကကြည့်ရင်တော့ So bad ပေါ့။ ဒါပေမဲ့ Love All ဆိုတာလေးနဲ့ ပြန်ဖြည့်ဖြည့်နေရတယ်။ နားလည်မှုပေးလိုက်တယ်။ နိုင်သလောက်ပေါ့။ ၀န်တော့ သိပ်မကြီးမိဖို့ကြိုးစားတယ်။ ကျွန်မနားလည်မပေးနိုင်တဲ့ နယ်ပယ်ထိရောက်သွားရင်တော့ ကြိုးတွေ ဖြေချလိုက်တာပါပဲ။

တခါတလေတော့ Value တွေနဲ့ ချိန်ထိုးကြည့်ရတယ်။ အချိန်ယူပြီးပြန်ဆောက်နိုင်တဲ့ ယုံကြည်မှုကို မျှော်လင့်ကြည့်ရတယ်။ ယုံကြည်မှုဆိုတာပေါ် သိပ် Sensitive မဖြစ်မိအောင်လည်း ကြိုးစားရတယ်။ လူဆိုတာ အားလုံး အရိယာမှ မဟုတ်တာ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်အပါးက လူတွေကိုယ့်ကိုအတိုင်းအတာတစ်ခုထိ ယုံကြည်လို့ရအောင် ခုထိကြိုးစားနေဆဲမဟုတ်လား။ ကိစ္စအားလုံးကိုသုံးဘက်မြင်တတ်အောင် လေ့ကျင့် ပါတယ်။ အဲဒီလိုနဲ့ပဲ ယုံကြည်မှုအလဲအလှယ်တွေ ပြေလည်နေလိမ့်မယ်လို့တော့ ယုံကြည်နေပါသေးတယ်။

One Response to “ယုံကြည်မှု အလဲအလှယ်”


  1. နည်းနည်း ကြာသွားတယ်။ အကြွေးလည်းတင်သွားတယ်နော်။ ကျွန်တော်တို့ ရတနာပုံFC ကလည်း ညံ့တယ်ဗျာ။ ကမ်းရိုးတန်းအသင်းသားတွေ အပူဒဏ်မခံနိုင် တာတောင် 1 – 1 တဲ့။

    ဒီပိုစ့်နဲ့ပတ်သက်ပြီး ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဆုံးမကြည့်မိပါသေးတယ်ဗျာ။ ဘာပဲပြောပြော love all နဲ့ နေကြည့်မယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: