2008, November 6, 6 pm

March 6, 2009

မြို့လေးကို အဝေးပြေးကားပေါ်က လက်ပြလိုက်တယ်

သူငယ်ချင်းရဲ့တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဝေးဝေးလာရင်း

သူစိမ်းတွေအလယ်မှာ ကျွန်မက တိတ်တိတ်လေးငိုလို့။

ပျော်ရွှင်စွာလာခဲ့တယ်

ခုတော့တစ်ယောကတည်း။

ပြီးတော့….တစ်ယောက်တည်း

နားမလည်နိုင်တဲ့ စကားသံတွေကြားမှာ

မနိုင်ဝန်တွေနဲ့ အမိမြေကိုသတိတရ။

ဘာပဲဖြစ်ဖြစ်

ရီနန်မန်းရှင်းရှေ့က ပဲနို့ဆိုင်လေးကတော့ ကျန်ရစ်ခဲ့ပြီ။

လောလောဆယ်တော့ သူငယ်ချင်းကို သတိရနေတယ်

ပြီးရင်လည်း သူ့ကို သတိရဦးမယ်။

သီတင်းကျွတ်လပြည့်ညက

သန်းခေါင်ရောက်လုနီးထိ ပျော်ခဲ့တဲ့ဈေးည မှတ်မိနေတယ်။

အဲဒီညကလို ခုလည်း

ရှေ့က အဝေးပြေးလမ်းပေါ်က နီယွန်မီးရောင်တွေနဲ့လေ

ပထမအကြိမ်လွမ်းရတဲ့ အပြန်ခရီး…

ငါက အနာဂတ်ကိုကြိုမသိခဲ့ဘူး

ဒါပေမဲ့ သူငယ်ချင်းကိုတော့ လွမ်းတယ်။

hhe & me

2 Responses to “2008, November 6, 6 pm”

  1. လင်းပြာနွေ Says:

    ငါ ဘာပြောရမှန်းမသိဘူး.. စိတ်မချမ်းသာဘူး သူငယ်ချင်းရယ် နင့်ကို လွမ်းတဲ့နေ့စွဲတွေ တကယ်များတယ်.. အဲဒီနေ့စွဲတွေကို နောက်တစ်ခါဆိုတာ ငါလုံးဝမကြုံချင်တော့ဘူး…

  2. MgANT Says:

    I also don’t know the future par byar. :–(


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: