စီဒီစီအီးနဲ့အတူ…ချင်းမိုင်နေ့စွဲများ

March 4, 2009

chiang_mai1ချင်းမိုင်မှာ ရှင်သန်ခဲ့တဲ့ ၃ လတာကာလအကြောင်းပါ။ ကာလတိုလေးပေမဲ့ တကယ်ကို အမှတ်တရတွေကျန်ခဲ့တဲ့ အချိန်လေးပါ။

ကျွန်မတို့ ချင်းမိုင်ကို ရောက်တဲ့အကြောင်းရင်းကတော့ CDCE လို့ခေါ်တဲ့ certificate program သင်တန်းအတွက်ပါ။ ကျွန်မက မိဘမဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ အပတ်စဉ် လုပ်အားပေးတော့ အဲဒီအတွက် ပရိုဂရမ်မှာပါဝင်ဖို့အရွေးခံရတာဆိုလည်းမမှား။ အဲဒီ စာတီဖီကိတ်ပရိုဂရမ်က တော်တော်လေး ကောင်းပါတယ်။ developmental subject မျိုးစုံကို ဆရာကောင်းတွေနဲ့ ပို့ချပေးတယ်။

အဲဒီသင်တန်းကြောင့် အရင်ဆုံး မိတ်ဆွေအသစ် ၃၀ ယောက်တောင်ရခဲ့တယ်။ CDCE network လို့ သူတို့ခေါ်ကြတဲ့ မြန်မာပြည်အရပ်ရပ်က social worker မျိုးစုံပေါ့။ ကြည်နူးစရာကောင်းတာက သူတို့နဲ့ခုထိ အဆက်အသွယ် အပြတ်သေးတာပါပဲ။ အရမ်းကူညီတတ်တယ်။ အရမ်းနားလည်ပေးတယ်။ အရမ်းခင်ဖို့ကောင်းတဲ့အဖွဲ့လေးပါ။

pa180075

ချင်းမိုင်က resort တစ်ခုမှာ ၃ လလုံးလုံး အတူနေအတူစား အတူအတန်းတက်ရင်း အချိန် ကုန်မှန်းမသိကုန်ခဲ့တာပါ။ သင်တန်းပြီးလို့ သူတို့က ဘန်ကောက်မှာလည်ဖို့ ကျွန်မထက် တစ်ရက်စောပြီး ပြန်တဲ့ညနေကဆို ရင်ထဲမှာ လှိုက်ပြီးတော့တောင်ခံစားလိုက်ရတယ်။

ဒါပေမဲ့ မြန်မာပြည်မှာပြန်တွေ့ကြတဲ့ မိတ်ဆုံညစာဝိုင်းမှာတော့ အားလုံးလိုလိုပြန်ဆုံလို့ ပျော်လိုက်ရတာ။

ချင်းမိုင်မှာတုန်းက ကျောင်းပြေးပြီး project မလုပ်ချင်ဘဲ အပျင်းကြီးနေတဲ့ကျွန်မကိုဆွဲဆွဲခေါ်လို့ စာလုပ်ခိုင်းတတ်တဲ့ ဘော်ဒါကြီး AM.Min နဲ့ MZ.Ko တို့နဲ့လည်း ပြန်ဆုံရတယ်။ အဲဒီတုန်းက အားလုံးတက်ညီလက်ညီ ပူးပေါင်းကြိုးစားလိုက်တာ ကျွန်မတို့ ပရောဂျက်လေးက ဆုရခဲ့လို့ ပိုပျော်ခဲ့ရသေးတယ်။ အတန်းဆင်းပွဲ ဒင်နာမှာ ဆုရလို့ ပျော်မော်ပြီး ကခုန်နေခဲ့ပေမဲ့ ဒီသူငယ်ချင်းတွေနဲ့ခွဲရတော့မှာ တွေးမိလို့ ကပွဲဆုံးအောင်တောင်မပျော်ခဲ့ရပါဘူး။ ပွေ့ဖက်ကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ မျက်ရည်ဝဲကြနဲ့ အားလုံးက See you again in Myanmar လို့ ကိုယ်စီပြောရင်းပေါ့။

ဒီ ပရိုဂရမ်ပြီးရင် ကိုယ့်ရပ်ကိုယ်ပြန်ပြီး သင်ပေးလိုက်တာတွေကို ပြန်အသုံးချ အများအကျိုးကို အရင်ထက်ပိုကျွမ်းကျင်စွာ လုပ်ပေးရင်း ဆက်လက်ရှင်သန်ဖို့ပါ။ ဒါပေမဲ့ သူများတိုင်းပြည်က မြို့လေးတစ်မြို့မှာရှိတဲ့ အပန်းဖြေဟိုတယ်လေးတစ်ခုမှာ မြန်မာပြည်အငွေ့အသက်တွေ အပြည့်အ၀လွှမ်းခြုံပြီးနေခဲ့တဲ့ အဲဒီကာလလေးကတော့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။

pa180116အမှတ်တရများထဲက တစ်ခု

One Response to “စီဒီစီအီးနဲ့အတူ…ချင်းမိုင်နေ့စွဲများ”

  1. နေယံဦး Says:

    ဝိုး . .

    မကလျာအိအိလွင် က CDCE ကနေ ပြီးခဲ့တာလား။ အဲဒါ ကျွန်တော် မသိဘူး။ ဒါဆို CDCE ကနေပြီးတော့ egress ရောက်လာတယ်ပေါ့။

    အခု ပို့စ်လေးက အရမ်းကောင်းတယ်ဗျာ။ အမက စာရေးကောင်းတဲ့သူပဲဗျ။ ဒီပို့စ်လေးဖတ်ရင်း စိတ်ထဲ ကြည်နှုးမိပါတယ်။🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: