မျက်နှာသစ်တိုင်း စိတ်ဓာတ်တွေတစ်ခါသစ်ရင်ကောင်းမယ်။ ပြတင်းမှာ ငှက်လာနားရင်တောင် အလိုလိုလွမ်းနေတတ်တော့လည်း ဒူပေဒါပေခံတဲ့ မြေကြီးကို သဘောကျမိတာမဆန်းဘူး။

ကျွန်မတို့အားလုံး တာဝန်အရ ရှင်သန်နေရတယ်..တာဝန်အရပဲ သေဆုံးရဦးမယ်။ တကယ်ဆိုနေရောင်လာမှ ပျောက်ရမယ့် နှင်းစက်မလုပ်ချင်။ ကိုယ့် သမိုင်းကို ကိုယ်တိုင်စိတ်သန့်သန့် ထုဆစ်ပြီး လိပ်ပြာသန့်စွာ ပြေးနေတဲ့ ခရီးသည်ပါ။

မုသာဝါဒတွေလား။…အဲဒါတွေကိုလှုဒါန်းခဲ့တာကြာပေါ့။ တစ်ခါတလေ no comment ဆိုတာလေးနဲ့ပဲ မုသာဝါဒကို ရှောင်ရတယ် ….လောကကြီးမှာပြောပါတယ်။ တချို့နေရာတွေမှာ ထိပ်တိုက်မတိုးမိတာ အကောင်းဆုံးဆိုတာတွေ ရှိရဲ့မဟုတ်လား။

တစ်ဖက်မှာလည်း တဖတ်သတ်ဆန်နေတဲ့ အမှန်တရားတွေနဲ့ ၀ိရောဓိတွေဖြစ်နေပြီး ဖြူစင်မှုကို ပစ်ဖဲလုပ်ချင်လာတဲ့ ကာလတစ်ခုရှိခဲ့တယ်။

ဘာပဲပြောပြော အဖက်ဖက်ကတောင်းဆိုနေတဲ့အခြေအနေတွေကို ကျွန်မကြိုးစားမြင်တတ်လာချိန်မှာ အာဒမ်ရဲ့ ပန်းသီးလေး ဥယျာဉ်ထဲမှာ ပွင့်နေပြီ။

Advertisements

အလွမ်းတွေက လမ်းပေါ်ပြန့်ကျဲလို့ ညနေတွေရော မနက်တွေရော နေ့လည်တွေရော အားလုံးသိပ်မလှတော့ပါ။

မနေ့တနေ့က ကျွန်မပျော်ခဲ့ပါတယ်။ အဲဒီမနေ့တနေ့ကပဲကြေကွဲခဲ့ရတာပါ။ အကုန်လုံးဟာ နံရံပါးပါးလေးတစ်ချပ်ပဲခြားပြီး ဖြစ်ပျက်သွားတာပဲ။ မယုံဘူးဆိုလည်းမိုက်လုံးကြီးရာရောက်တော့မယ် ထင်ပ။ အဲဒီညနေက တော်တော်လေး အကျည်းတန်တုန်းပဲ လောကရယ်..။

ပျော်ရွှင်မိရင်တောင် ကြောက်လာတဲ့ထိ စိတ်ထဲရောက်သွားတဲ့ အချိန်တခဏလေးပါ။

စောင့်ပါရစေ..ဘာဖြစ်ဖြစ်။ လာခြင်းတွေ ကောင်းကောင်း မကောင်းကောင်းပေါ့။ အဲဒီနေ့တွေနဲ့ ထပ်ပြီးရှင်သန်နေပါဦးမယ်။

M-E

February 25, 2009

e2ရဲ့ အသံလေးတွေဝင်နားထောင်လိုက်သေးတယ် သူတို့ဘလော့မှာ။

ဆရာတွေ ..တာဝန်ရှိသူတွေဆီရောက်အောင်ပို့ပေးသင့်တဲ့အသံလေးတွေပါ။

တချို့အသံတွေက လှတယ် ..တချို့အသံတွေကတော့ ………….ဟဲ ဟဲ နားထောင်လိုက်ပေါ့နော်။

ပိုပြီးကောင်းတဲ့မနက်ဖြန်တွေကိုမျှော်လင့်တဲ့..

ကလျာM-E

…………

February 24, 2009

tree

အချစ်ဆိုတာ…

နေရာရွှေ့စိုက်လို့မရတဲ့

သစ်ပင်…

တစ်ခါသတိရတိုင်း

မြေသြဇာတစ်ခါရတယ်

အလွမ်းတွေနဲ့

လောင်ကျွမ်းနေတဲ့ရာသီမှာတောင်tree

အကိုင်းအခက်တွေ

ဝေဆာနေသေး။

မြန်မာမြေ

February 23, 2009

myanmarမြန်မာနိုင်ငံရဲ့မြေပုံဖြစ်ပါတယ်

ကျွန်မရဲ့မွေးရပ်အမိမြေပါ

ညနေတစ်ခင်း

ညနေခင်းတစ်ခုပါ။

တစ်စုံတစ်ရာပါဝင်ကောင်းပါဝင်နေပါလိမ့်မယ်။

ကျွန်မအတွက်တော့ လှပနေပါတယ်။

လွမ်းစရာလည်း အထိုက်အလျှောက်ကောင်းနေတယ်။

အဲဒီညနေထဲမှာ

အဝေးက အသံတစ်ခုကိုရှာဖွေကြည့်ရအောင်။

မနက်က ဆရာသင်လိုက်တဲ့ ဘလော့တင်နည်းလေးတွေ

သွေးမအေးခင်ကောက်တင်လိုက်တာပါ။ ဘယ်ကစရေးရမယ် တကယ်မသိ။

ကြုံဆုံခဲ့ရင်သာ ၀င်လည်ကြဖို့ ဖိတ်ချင်ပါကြောင်း

ကလျာ…