ပုံပြင်..
December 12, 2009
သူပုံပြောပြန်တယ်
ဒါပေမဲ့ ဒီတစ်ခါ ပုံပြင်က ချစ်စရာကောင်းနေလို့
နားထောင်လိုက်ရတဲ့ ငါ့မှာ အရူးတပိုင်း…။
အချစ်က နေမဝင်သေးပြန်ဘူး
ကိုယ်တိုင်ကိုက နစ်မျောနေချင်တဲ့ ဓာတ်ခံကအပြည့်
အသက်ဝိညာဉ်ပါးပါးလေးထဲမှာ သူ့ကို အသာအယာထည့်သိမ်းရင်း
သံသရာ ရထားကြီးထဲ လိမ့်တလဲ့လဲ့…။
ခုနားထောင်နေတဲ့ သီချင်းက “အချစ်ကို ကိုးကွယ်”
တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာနေစရာ မလိုဘူး
ဦးနှောက်ထဲမှာရော..နှလုံးသားထဲမှာပါ နေရာအပြည့်
မသိလိုက် မသိဘာသာ ကျဆုံးခန်းက ပြန်ရစ်စရာ မလိုတဲ့ ဇာတ်ကွက်ပေါ့။
မှော်ဆရာ ငင်တဲ့ကြိုးမှာ ဟောဒီ ဧဝ ထောက်ချောက်အမိခံနေတယ်
လာရာလမ်းဆိုတာလည်း မျှော်တော်ဇောနဲ့ မောနေရတဲ့ ကဗျာ..
နယ်စည်းမခြား အလွမ်းတွေက ရောင်စုံတွေ ဖြာတလက်လက်
မိုက်တွင်းတွေ ပိုနက်အောင် တူးမိပြန်တာလည်း အခါခါရယ်…။
ကဲပါလေ…ပြောရရင်တော့ ဟောဒီစာရေးတဲ့သူက
အဲဒီပုံပြင်ကိုပဲ ခုန်နှုန်းမြင့် ရင်ခုန်သံနဲ့ နားစွင့်ရင်း
သာသာလေး မှေးစက်နေချင်တာကိုကွယ်…။ ။
၂၇ နိုဝင်ဘာ ၂၀၀၉ သောကြာနေ့
December 20, 2009 at 3:07 am
Recados em Flash para Orkut: recadosemflash.com/musicais.html
December 20, 2009 at 4:02 am
ရီဝေဝေဖြစ်နေတုန်း ဖတ်သွား၏။ ယုဇိတ်တွေ ကောင်းတယ်။